အပိုင်း-၁၀ (Unicode)

4.7K 348 17
                                    

"ဘာဖြစ်လာကြတာလဲ လူငယ်လေးတို့"

ဆေးပေးခန်းမှာ လိုအပ်တာတွေ စစ်နေသော ဖထီးယူတစ်ယောက် လူအုပ်လိုက်လာ၍ ကောင်လေးတစ်ယောက်ကို သယ်လာကြသောကြောင့် မေးလိုက်သည်။

"တပ်သားတစ်ယောက် မေ့လဲလို့ပါ ဖထီး"

"ဟေ...ဘယ်လိုဖြစ်လို့တုန်းကွဲ့"

"ကျွန်တော်တို့လည်း မသိဘူး။ လေ့ကျင့်ရေးလုပ်နေတုန်း မေ့လဲသွားတာ။ ခေါ်မရတော့တာနဲ့ ဒီကိုပဲ သယ်လာခဲ့တာ"

"နွေဦး နွေဦး သတိထားပါအုံး"

"ဒုက္ခပါပဲကွယ်။ ဒီကိုလာလာနေတဲ့ ဆရာဝန်လေးကလဲ အခု ရွာဘက်တွေ ဆင်းသွားတာ ကြာပြီ။ ကဲ.....တာဝန်ကျတပ်သား ဗိုလ်လေးစောကို သတင်းပို့ပြီး အမြန်ခေါ်လာခဲ့ပါ"

"ဟုတ်ကဲ့ ဖထီး"

စောထိုမှူးတစ်ယောက် သတင်းပို့တာကြားကြားချင်း ဆေးပေးခန်းသို့ ရောက်လာမိတယ်။ ဆေးပေးခန်းသို့ ရောက်စဥ် ကုတင်ပေါ်မှာ လဲနေသော ကောင်လေးကို တွေ့လိုက်ရတော့ သွားကြည့်၍ မေးမြန်းလိုက်တော့တယ်။

"ဘာဖြစ်တာလဲ"

"မသိပါဘူး ခေါင်းဆောင်။ လေ့ကျင့်နေတုန်း လဲကျသွားတာပါ"

အကြောင်းအရင်း မသိရ၍ တစ်ကိုယ်လုံး စစ်ဆေးကြည့်မိစဥ် မိုးရေများနှင့် စိုနေသော ပြောက်ကျားယူနီဖောင်း၏ ဘောင်းဘီမှာ ပေကျံနေသော သွေးများကို တွေ့လိုက်ရသဖြင့် ခြေထောက်နှစ်ဖက်လုံးကို သေချာစစ်ဆေးကြည့်လိုက်တော့ ညာဘက် ဒူးအထက်ရှိ ပေါင်ပေါ်တွင် လက်ညိုးလောက် အရွယ်ရှိသော ပြတ်ရှရာတစ်ခု။ ဘယ်အချိန်ကတည်းက ဖြစ်နေသည်မှန်း မသိဘဲ သွေးများပင် တော်တော်များများ ထွက်ပြီးနေလေရာ ထိုကောင်လေး ဖြူဖျော့ပြာနှမ်းကာ သွေးထွက်လွန်၍ မေ့မျောသွားရခြင်းဖြစ်သည်။

"ဒီလောက် ဒဏ်ရာရတာတောင် ကိုယ့်ကိုကိုယ် မသိရကောင်းလား"ဟု ထိုမေ့မျောကာ ပြာနှမ်းနေသည့် ကောင်ငယ်လေးအား ဒေါသထွက်မိတော့သည်။ ပေါင်ရှိ ပြဲနေသော နေရာမှ ဘောင်းဘီစကို ဆွဲဖြဲလိုက်စဥ် ဖြူဖွေးဥနေသော ခြေထောက်များမှာတော့ ဒဏ်ရာရပြီး သွေးများထွက်ကာ ပေရေနေသောလည်း  လှလွန်းလှသည်မို့ မျက်မှောင်တစ်ချက်ကြုံ့လိုက်မိသေးသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now