အပိုင်း-၂၂ (Unicode)

4.3K 315 2
                                    

ကောင်းမြတ်တို့အဖွဲ့ နားနေတဲများကို အမိုးမိုးရန် အတွက် ဝါးအကြောများကို ဓားဖြင့် သပ်နေကြသည်။ မိုးများသော ရာသီမို့ အမိုးများက ဟိုနေရာယို ဒီနေရာက ယိုရသည်မလား။ ထို့ကြောင့် အမိုးအား ပြင်ဆင်ရန် တာလပတ်စနဲ့ ဝါးတို့ကို ညှပ်ကာ အမိုးမိုးရန် ပြင်ဆင်နေကြခြင်းပင်။တပ်သားများ အုပ်စုဖွဲ့ကာ အလုပ်လုပ်နေကြသည်မို့ လက်မအားသော်လဲ ပါးစပ်များက အားနေသည်မို့ စကားပြောသံများနှင့် ဆူညံနေတော့သည်။

"ဒေါက်တာလေးက ဒီတစ်ခေါက်ပြန်လာတာ မိန်းမပါ ပါလာတာလားမသိ"

"အေး..ဟုတ်မယ်ကွ။အိမ်က ဖုန်းဆက်လို့ ပြန်သွားတယ်ဆိုတော့ အရေးကြီးလို့ ထင်တာ။ လက်စသတ်တော့ မိန်းမသွားယူတာကိုး"

"ဒေါက်တာလေးရဲ့ မိန်းမကလဲ ချောလိုက်တာနော်။ ရှမ်းမျိုးနွယ်ချင်းတူတူပဲမို့ ထင်တယ် နှစ်ယောက်က တော်တော်လိုက်တယ်"

"ဒေါက်တာ့မိန်းမက ချောသလောက် ဒေါက်တာကလဲ ဂရုစိုက်သလား မမေးနဲ့"

"အခုမှ ယူထားပြီးကာစ ချစ်စကြင်စ လင်မယားပူပူနွေးနွေးလေးဆိုတော့ သဲသဲလှုပ်မှာပေါ့ကွာ"

"အေးကွာ။ ထမင်းတောင် စားဖိုတဲသွားစားစရာ မလိုဘူး။ အကုန်အဆင်သင့် ခူးခပ်ပြီး ဆေးပေးခန်းမှာပဲ ကျွေးတာဟေ့"

"ညားခါစ ဆိုတော့ အပြင်မထွက်စေချင်ဘူး ထင်တယ် အဟိ...အဟိ"

"တောက်..............."

ထိုစကားဝိုင်းလေးမှာ တောက်ခေါက်သံ အကျယ်ကြီးကြောင့် ငြိမ်သက်သွားရ၏။ တောက်ခေါက်လိုက်သူမှာတော့ ကောင်းမြတ်ပင်။

"သူက ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ"

"မသိဘူးလေ။ စိတ်အဆင်မပြေလို့ နေမှာပေါ့"

"ဒါနဲ့ မနေ့က သေနတ်ပစ်ပြိုင်ပွဲမှာလေ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးကွာ"

တပ်သားများစကားပြောနေသည့် ထိုစကားဝိုင်းနားမှ ဒေါသဖြစ်စွာနဲ့ ထလာမိသည်။ ဘာကို ဒေါသထွက်လို့ ထွက်မှန်းလဲ မိမိကိုယ်ကို နားမလည်နိုင်ပေ။ အမှန်တကယ်ဆို အစ်ကိုသီဟ မိန်းမ ရသွားတာ ဝမ်းသာရမှာမဟုတ်ပါလား။ အခုတွင်တော့ ဝမ်းမသာနိုင်ပေ။ စိတ်ထဲလဲ အနေရခက်စွာ ဖြင့် ဒေါသထွက်မိသည်။ ဟိုတစ်နေ့က မြင်ခဲ့ရသော မြင်ကွင်းကြောင့်လဲ ပိုဒေါသထွက်ရသည်။အစ်ကိုနှင့် အတူပါလာသော မိန်းကလေးမှာ ဘယ်လောက်ချောလှကြောင်း၊ အစ်ကိုကလဲ ဘယ်လောက်ဂရုစိုက်ကြောင်း မိမိ မျက်မြင်တွေ့ခဲ့ရပြီးပြီမို့ အစတွင် ဒေါသထွက်သော်လဲ နောက်တော့ တဖြည်းဖြည်းဝမ်းနည်းလာရသည်။ ဒေါသလော၊ ဝမ်းနည်းစိတ်လော၊ နောင်တစိတ်လော ဝေခွဲမရဘဲ စိတ်များကလဲရှုပ်ထွေးကာ နောက်ကျိလာရသည်။ လုပ်နေသည့် အလုပ်များကိုလဲ လုပ်သာလုပ်နေရသော်လဲ အာရုံမစိုက်နိုင်တော့ပေ။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now