အပိုင်း-၃ (Unicode)

6.2K 489 62
                                    

"စစ်အာဏာရှင် စနစ် အလိုမရှိ မလိုမရှိ"

"ဆန္ဒ ဆန္ဒ ပြ ပြ"

"သပိတ် သပိတ် မှောက်မှောက်"

"၈၈က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့"

"အမေစုကို လွှတ်ပေးရေး တို့အရေး အရေး"

"ဒီမိုကရေစီ ပြန်လည် ရရှိရေး တို့အရေး တို့အရေး"

နွေဦးသာတို့ ရောက်ရှိနေတာကတော့ ၂၂.၂.၂၀၂၁ တွင် ပြုလုပ်တဲ့ ၂ ငါးလုံး အရေးတော်ပုံဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းလိုက်ခြင်းကို မခံမရပ်နိုင်ကြသော မြန်မာနိုင်ငံ လူထုတစ်ရပ်လုံးက စစ်အာဏာသိမ်းခြင်းကို လက်မခံကြောင်း တခဲနက် ဆန္ဒပြခဲ့ကြသည်။ နွေဦးတော်လှန်ရေးအမည်ဖြင့် ဆန္ဒပြပွဲများ ကို နေ့စဥ်နေ့တိုင်း လမ်းမများပေါ်သို့ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

နွေဦးသာတို့သည်လဲ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဦးစီးသော အင်ဂျင်နီယာသပိတ်စစ်ကြောင်းတွင် ပါဝင်၍ လှည်းတန်းသို့ ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အခြားသောပါတီဝင်များကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေး ခေါ်ယူကာ နိုင်ငံ‌တော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မ‌တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းခဲ့သည်။

ဒုသမ္မတဦးမြင့်ဆွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်အာဏာလွှဲပြောင်းမှုမရှိသော်လည်း ယာယီသမ္မတဖြစ်လာခဲ့ပြီး ၁ ရက် ၂ လ ၂၀၂၁ ခုနှစ်တွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း(၁၁) ပုဒ်မ ၄၁၇အရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို ဗိုလ်ချုပ်မှူးကြီး‌မင်းအောင်လှိုင်အား အာဏာလွှဲပြောင်းခဲ့သည်။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်တိုင်းပြည်ကို တစ်နှစ်မျှ အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရန်ရှိသည်များဆောင်ရွက်ပြီး သည့်နောက် နိုင်ငံတော်သမ္မတ အား ပုဒ်မ ၄၂၂ အရ အာဏာ ပြန်လည်လွှဲအပ်ပြီးနောက် (၆) လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now