အပိုင်း-၁၄ (Unicode)

4.4K 290 9
                                    

ခွန်အိုက်သီဟတစ်ယောက် သေနတ်ကျည်ဆံကို သေချာစွာ ခွဲထုတ်ပေးနေမိတယ်။ အတွင်းရှိ သွေးကြောတစ်နေရာရာ သို့မဟုတ် အကြောတစ်ခုခုများ ထိသွားခဲ့လျှင် လက်အသုံးပြုလို့ မရနိုင်သည်အထိ ဖြစ်တတ်သောကြောင့် ပို၍ ဂရုတစိုက် ခွဲကာ ကျည်ဆံထုတ်ပေးရသည်။ လူနာမှာတော့ ထုံဆေး အရှိန်ကြောင့် သိပ်နာဟန်မရ၍သာ သက်ပြင်းချမိသည်။ နောက်ဆုံးမှာတော့ ကျည်ဆံ ထုတ်နိုင်လိုက်ပြီး ဒဏ်ရာကို သေချာ ပြန်ချုပ်ပေးလိုက်သည်။ လိုအပ်သော ဆေးများ သွင်းကာ သွေးထွက်လွန်ထားသောကြောင့် တပ်သားတစ်ယောက်ထံမှလဲ သွေးယူ၍လဲ သွေးသွင်းထားရသည်။

"တော်သေးတယ် ကျည်ဆံက ဘယ်မှမထိသွားလို့"

ပြောရင်း လက်ရှိ ပေနေသော သွေးများအား သန့်ရှင်းရေး လုပ်ပေးမိသည်။

"ဒေါက်တာခွန်အိုက် အဆင်ပြေရဲ့လား"

"ပြေပါတယ် ခေါင်းဆောင်စော"

"အားနာပါတယ်ဗျာ။ ဒေါက်တာ ခွန်အိုက်ကို တိုက်ပွဲထဲ ခေါ်မိလို့"

"မဟုတ်တာဗျာ။ ပြီးတော့လဲ ကျွန်တော် ဘာမှဖြစ်သွားတာမှ မဟုတ်တာ။ ကျွန်တော်ကတောင် ခေါင်းဆောင်တို့ဆီ မရောက်တာ ကြာလို့ အားနာနေတာ။ ဟိုဘက်ရွာမှာ နေမကောင်းတဲ့ ကလေးတွေ များနေလို့ အဲ့ဒီမှာပဲ ဆေးကုပေးနေရင်း ကြာသွားတာ"

"ရပါတယ်။ ကျွန်တော်တို့ လိုအပ်ရင် ဒေါက်တာကို ခေါ်လို့ရမှန်း သိနေတာပဲ။ ကျွန်တော်တို့ တပ်မှာလဲ အရင်က လူနည်းတော့ ဒေါက်တာ့ကို သိပ်မလိုဘူးလေ။ အခု နိုင်ငံရေးတွေ ဖြစ်တော့ ဒီဘက်ကို လေ့ကျင့်တပ်သားအသစ်တွေ အများကြီး ရောက်လာတော့မှ ဒေါက်တာ့ကို ခေါ်ဖြစ်တော့တာ။ ဒီမှာက ဒေါက်တ့ာလို ကျွမ်းကျင်တဲ့ ဆရာဝန်မရှိတော့ တစ်ခုခုဆို ဘာမှမလုပ်တတ်လို့ အခက်အခဲ ဖြစ်နေတာ"

"အဲ့ဒီတော့ ကျွန်တော့်ကို ဒီတပ်စခန်းမှာ နေပါအုံးလို့ တစ်ဖက်လက်နဲ့ ခေါ်လိုက်တာပေါ့လေ"

"ဟုတ်ပ..ဗျာ"

"ဟ ဟ..ခေါင်းဆောင်စောကတော့ တကယ်ပဲ။ ကဲ....ကျွန်တော် ကြည့်ရမဲ့ နောက်လူနာကကော ဘယ်မှာလဲ "

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now