အပိုင်း-၂၈ (Unicode)

5K 320 1
                                        

လင်းယုန်တပ်စခန်း၏ ခေါင်းဆောင်စောထိုမှူး ဦးဆောင်ကာ ချီတက်နေသော စစ်ကြောင်းတစ်ခု။

"ဒေါက်တာခွန်အိုက် အဆင်ပြေရဲ့လား။ တောင်းပန်ပါတယ်ဗျာ စစ်ကြောင်းကို ခေါ်လာမိလို့။ ကျေးရွာတွေမှာ ဒဏ်ရာရတဲ့လူတွေ များတယ်ဆိုလို့"

"မဟုတ်တာဘဲ ခေါင်းဆောင်ရယ်။ လူတွေဆေးကုပေးရမှာ ကျွန်တော့်အလုပ်ပဲကို"

"တပ်သားကောင်းမြတ် ဒေါက်တာခွန်အိုက်ကို လမ်းခရီးမှာ သေချာစောင့်ရှောက်ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ဗိုလ်လေးစော စိတ်မပူပါနဲ့။ ကျွန်တော်ဒေါက်တာ့ကို သေချာ စောင့်ရှောက်လိုက်ပါ့မယ်"

"အေး..အေး"

ပြောကာထွက်သွားသော ခေါင်းဆောင်စောထိုမှူးအား ကြည့်ရင်း ခွန်အိုက်သီဟပြုံးလိုက်မိသည်။

"ကျွန်တော့်အနားမှာပဲနေနော်။ ဘယ်မှလျှောက်မသွားနဲ့"

"အင်းပါ ကောင်းရဲ့။ စိတ်မပူပါနဲ့ အစ်ကို ဂရုစိုက်ပါ့မယ်"

"ဟုတ်"

စောထိုမှူးစစ်ကြောင်းကို သေချာစစ်ဆေးနေရင်း ကလေးငယ်အနား ရောက်တော့

"ကလေး ပင်ပန်းနေပြီလား။ ခဏနေ ရှေ့မှာ ရွာတစ်ခုရောက်တော့မယ်"

"ဟုတ်..ရပါတယ် ခေါင်းဆောင် အဲ..ဗိုလ်လေးစောရဲ့"

"အင်း..ဂရုစိုက်။ ရွာရောက်ရင် ခဏနားမယ်နော်"

"ဟုတ်"

နေပူကြီးထဲ ချွေးတွေထွက်ကာ ကျောပိုးအိတ်လွယ်ရင်း သေနတ်ကိုင်ကာ သူ့ကိုပြုံးပြနေသော ကလေးငယ်အား ကြည့်ရင်း စိတ်မသက်သာစွာနဲ့ သက်ပြင်းချမိသည်။ ဖြစ်နိုင်ရင် ဒီကလေးငယ်ကို မပင်ပန်းစေချင်။ သူ့အိတ်ကပ်ထဲသာ ထည့်ကာ ခေါ်သွားချင်မိသည်။ နေ့တစ်၀က်လောက် ချီတက်အပြီးမှာတော့ သူတို့ရွာလေးတစ်ရွာသို့ရောက်ခဲ့ကြလေသည်။ ပုံမှန်ရွာများနှင့်မတူဘဲ ရွာရှေ့မှာ လူအများက စုပြုံကာ နေနေကြသည်။ ရွာသားများက မိမိတို့စစ်ကြောင်းကို မြင်သောအခါ ပထမတွင်တော့ ကြောက်လန့်နေကြသည်။ တဖြည်းဖြည်းနီးကပ်လာသည့်အခါတွင်တော့ လက်မောင်းရှိ ကရင်တပ်မတော်၏ KNUအလံတံဆိပ်ကို မြင်တော့မှ ၀မ်းသာစွာနဲ့ မိမိတို့အနားသို့ပြေးလာကြသည်။ မိမိတို့ အနားရောက်သောအခါတွင်တော့ မိမိတို့အား ထိုင် ကန်တော့ကာ ငိုယိုတောင်းပန်ကြတော့တယ်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now