အပိုင်း-၂၉ (Unicode)

4.9K 312 3
                                        

ကလေးငယ်၏ မျက်နှာတွင် ပေနေသော သွေးစက်များကို သုတ်ပေးကာ

"အဆင်ပြေရဲ့လား ကလေး"

"ဟုတ်ကဲ့..ပြေပါတယ်။ ခေါင်းဆောင်ရော ထိခိုက်မိသေးလား"

"ကိုယ်က ဘာမှမဖြစ်ပါဘူး တိုက်ပွဲတိုက်နေကြပါ။ ကလေးကိုပဲ စိတ်ပူတာ"

"ဟုတ် ကျွန်တော်အဆင်ပြေပါတယ်"

"ချစ်တယ် ကလေးငယ်..ဂရုစိုက်နော်"

"ဟုတ်ကဲ့"

စစ်တပ်မှ ဖမ်းဆီးထားသောရွာသားများကို ပြန်ခေါ်လာရင်း ရွာသို့ ပြန်ပို့ပေးတော့ ရွာသားများက သူတို့ကို ကျေးဇူးတင်စွာနဲ့ ငိုယိုကြတော့တယ်။

"ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးတို့"

"မလိုပါဘူးဗျ။ ဒီနယ်မြေက ကျွန်တော်တို့ အပိုင်နယ်မြေဖြစ်သွားပြီမို့ အမိုးတို့ အေးဆေးနေလို့ ရပါပြီ။ စစ်တပ်ဘက်က နောက်ထပ်လာမနှောင့်ယှက်တော့ပါဘူး"

"ကျေးဇူးအရမ်းတင်ပါတယ် ဗိုလ်ကြီးတို့။ အမိုးတို့၊ဖထီးတို့မှာ ဗိုလ်ကြီးတို့ ပေးတဲ့အသက်ပဲ ရှိပါတော့တယ်ဝေ့"

"ရပါတယ် ဖထီးတို့ ပင်ပန်းနေမှာပဲ နားလိုက်ကြအုံး။ ကျွန်တော်တို့လဲ စခန်းပြန်ဖို့ ဆက်ချီတက်လိုက်အုံးမယ်"

"ဟုတ်ကဲ့ ဗိုလ်ကြီးတို့။ ဒါလေးတွေတော့ ယူသွားလိုက်ပါအုံး"

"မယူတော့ပါဘူး ကျွန်တော်တို့လဲ စခန်းပြန်ရောက်တော့မှာ စခန်းမှာ ရိက္ခာတွေရှိပါတယ်။ အမိုးတို့ပဲ စားလိုက်ပါ"

"ကျေးဇူးဆပ်ချင်လို့ပါ ဗိုလ်ကြီးတို့ကို..အမိုးတို့မှာ ရှိတာလေးနဲ့။ လမ်းမှာ စားသွားလိုက်ပါ"

ရွာသားတွေမှ အတင်းပေးနေသဖြင့် စောထိုမှူးလည်း လက်ခံလိုက်ရတော့သည်။

"ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်"

စောထိုမှူးတို့စစ်ကြောင်း ရွာမှအထွက်တွင်တော့ ရွာသားများက ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခုပ်တီးကာ ဂုဏ်ပြုပေးကြတယ်။ ပြည်သူများအတွက် တိုက်ခိုက်ပေးရသည့် အောင်ပွဲပျော်ရွှင်မှုဟာ ဘာနဲ့မှ မလဲနိုင်ပေ။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now