အပိုင်း-၃၁ (Unicode)

3.5K 264 1
                                    

"အချစ်"

"အင်း..ပြောလေ ကိုရဲ့"

"ကိုယ်တို့တွဲလာတာ ဘယ်နှနှစ်ရှိပြီလဲ"

"အင်း..ကျောင်းတက်နေတုန်း ဒုတိယနှစ်ထဲကဆိုတော့ ခြောက်နှစ်ကျော်ပြီပေါ့ ကိုရဲ့"

"အင်း.ကိုယ်တို့ လက်ထပ်ကြရအောင်လား"

"ဟင် ဘာဖြစ်လို့ ကိုရဲ့"

"ဒီလိုမျိုး ဘယ်နေ့သေမှန်းရှင်မှန်း မသိနိုင်တဲ့ တိုက်ပွဲတွေကြားထဲမှာ ရသမျှအချိန်လေးကို အချစ်ဘေးနားမှာ အဖော်ပြုပြီး နေသွားချင်လို့"

"ကိုရယ်.."

"အခု ကိုယ့်အနေအထားနဲ့ အချစ်ဝတ်ချင်တဲ့ အဖြူရောင်ဂါဝန်လှလှလေးတွေ မဆင်ပေးနိုင်မှန်းသိပါတယ်။ ဒါပေမယ့် အချစ်ကို ကိုယ်အသက်ရှင်နေသမျှ ကာလပတ်လုံး ပျော်ရွှင်အောင်ထားပါ့မယ်လို့ ကတိပေးပါတယ်။ ကိုယ့်ကို လက်ထပ်မလားဟင်"

"အင်း..အချစ်က ကိုဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ် ကို့ကိုပဲ လက်ထပ်မှာပါ"

"ဝေး.. ဟေး..ဟေး..ဟေး"

ပျော်ရွင်ဝမ်းသာစွာဖြင့် လင်းရောင်နဲ့ မှုန်ရီချယ်တို့ ချစ်သူနှစ်ယောက်အနောက်မှ ထွက်လာကြသော နွေဦးသာနှင့် သူငယ်ချင်းများ။

"နောက်ဆုံးတော့ ဒီစုံတွဲ ယူကြတော့မှာပဲ"

"ငါဖြင့် သူတို့တွဲနေတုန်းက စိတ်ပူလိုက်ရတာဟယ်။ တွဲပြီး ပြတ်သွားရင် သူငယ်ချင်းတွေ အချင်းချင်း မျက်နှာပူပြီး ဆက်မပေါင်းကြတော့မှာဆိုးလို့။ အခုတော့မပြတ်ဘဲ ယူသွားကြပြီ"

နွေဦးသာကတော့ ဘာမှမပြော ပြုံး၍သာ ကြည့်နေမိသည်။ ချစ်ကြသူနှစ်ဦး ပေါင်းဖက်ကြသည့် မြင်ကွင်းဟာ သိပ်ကို လှပလွန်းသည်လေ။

~~~~~~~~~~~~~~~~

လင်းယုန်တပ်စခန်းတွင်တော့ တပ်သားများက ပျော်ရွှင်စွာအော်ဟစ် စားသောက်နေကြလေသည်။ အကြောင်းမှာကား လင်းရောင်နှင့်မှုန်ရီချယ်တို့၏ မင်္ဂလာဆောင်ပွဲအခမ်းအနားကြောင့်ပင်။ လင်းယုန်တပ်စခန်းရဲ့ ခေါင်းဆောင်စောထိုမှုးကပင် ဦးစီး၍ လင်းရောင်နှင် မှုန်ရီချယ်တို့ကို ကရင်ရိုးရာအတိုင်း လက်ထပ်မင်္ဂလာပွဲပြုလုပ်ပေးလေသည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now