"ငါတို့သည် ပြည်သူ့အတွက်ဖြစ်သည်"
"ငါတို့သည် ဖယ်ဒရယ်တပ်မတော်၏ ရှေ့ပြေးဖြစ်သည်"
"ငါတို့သည် တိုင်းပြည်နှင့် ပြည်သူ့အပေါ် သစ္စာစောင့်သိပါမည်"
🎼အရေးကြီးပြီ ညီနောင်အပေါင်းတို့။သွေးစည်းကာ ညီစေညီကြစို့။ငါတို့ရဲ့သမိုင်းအသစ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ။သွေးသစ္စာလဲ ပြုခဲ့ပြီ။နိုင်ငံတော်အတွက်ဆို အသက်ကိုလဲ ဘာမထီ...🎼
သစ္စာပြုသံများနှင့် သီချင်းသံများပျံ့လွင့်နေခြင်းမှာတော့ စောထိုမှုးတို့တပ်စခန်း၏ လေ့ကျင့်ရေးသင်တန်းဆင်းပွဲပေ။
"အလေးပြု ခေါင်းဆောင်"
"မင်းတို့ ဒီသုံးလလုံးလုံး အပင်ပန်းဆင်းရဲခံပြီး လေ့ကျင့်ရေးတွေ လုပ်ခဲ့ကြတာ အခု သင်တန်းဆင်းတဲ့နေ့တောင် ရောက်လာခဲ့ပြီ။အခုကစပြီး မင်းတို့ဟာ လေ့ကျင့်ရေးတပ်သားတွေ မဟုတ်တော့ဘဲ ငါတို့ လင်းယုန်တပ်စခန်းရဲ့ တရားဝင်တပ်သားတွေ ဖြစ်သွားပြီ။လေ့ကျင့်ရေး သင်တန်းပြီးဆုံးသွားပေမဲ့လည်း လေ့ကျင့်ရေးဆင်းနေတုန်းကလိုပဲ စိတ်ဓာတ်အားမာန်မျိုးနဲ့ အမြဲလေ့ကျင့်ပြီး မင်းတို့ရဲ့ ရည်ရွယ်ချက်ကို တစိုက်မတ်မတ် ရည်မှန်းချက်ပန်းတိုင်ဆီရောက်အောင် အကောင်အထည်ဖော်ပါ"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
"မင်းတို့ကို အခြေခံစစ်ပညာသင်တန်း သင်ကြားပေးပြီးတဲ့နောက်မှာ မင်းတို့အလိုရှိရာ တပ်ခွဲတွေကို သွားနိုင်တယ်။ ကွန်မန်ဒိုလေ့ကျင့်ရေး၊ ဖောက်ခွဲရေးသင်တန်း၊ နည်းပညာအဆင့်မြင့်သင်တန်း၊ ဒရုန်းလေ့ကျင့်ရေးနဲ့ တခြားသောအဆင့်မြင့်သင်တန်းတွေ တက်ချင်တဲ့သူတွေကလဲ ဌာနချုပ်ကိုဆက်သွယ်တက်ရောက်နိုင်တယ်။ မြို့ပြတွေမှာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းကာ တော်လှန်ရေးတွေလဲ ဆက်လက်လုပ်ဆောင်နိုင်တယ်။ ဒါမှမဟုတ် ဒီတပ်စခန်းမှာနေပြီး ကျေးရွာတွေ၊ တပ်စခန်းတွေကို ကာကွယ်တိုက်ခိုက်ပေးတာမျိုးလဲ ဆက်လုပ်နိုင်တယ်။ မင်းတို့ စိတ်အားထက်သန်ရာကို ရွေးချယ်ပြီး နည်းမျိုးစုံနဲ့ ဆက်လက်တော်လှန်နိုင်တယ်။ ဘယ်နေရာ၊ ဘယ်ဒေသမှာပဲရောက်ရောက် မင်းတို့ဟာ အမြဲတမ်း ဒီလင်းယုန်တပ်စခန်းရဲ့ တရားဝင်တပ်သားတွေဆိုတာ ဘယ်တော့မှမမေ့ဘဲ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါ"
YOU ARE READING
နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]
Любовные романыKNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက နွေဦးပန်းတွေ ပွင့်လာချိန်မှာတော့.....။ 𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭- 𝐏𝐚𝐧𝐧 𝐄𝐚𝐢𝐧 KNUလြတ္...
![နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]](https://img.wattpad.com/cover/343906774-64-k507015.jpg)