အမြောက်အမြားထုတ်လုပ်ခြင်း

335 47 0
                                    

[Unicode]
အခန်း ၀၀၀၅ ။ အမြောက်အမြားထုတ်လုပ်ခြင်း

“အားလုံးပေါင်း (၁၃၇) ခုပေါ့ ဟုတ်လား။” ရှုယီတစ်ယောက် ဟိန့်ဇ် ပေးလိုက်သော အမှာစာစာရွက်ကို ကြည့်ပြီး ခေါင်းကိုက်သွားခဲ့သည်။ သူ့အနေနဲ့ ပျော်ရမလား ငိုရမလားကို မစဉ်းစားနိုင်တော့ပါ။

မှော်ပန်ကာတွေရဲ့ အရောင်းသွက်နေမှုက သူတွေးထင်ထားတာထက်ပိုများနေခဲ့သည်။ သည်အရမ်းကိုပိုပြင်းတဲ့ရာသီဥတုမှာတော့ လူတိုင်းလိုလိုက အနည်းငယ်အေးမျှမှုကိုလိုချင်ကြပေမဲ့ ကြီးမားတဲ့ရေခဲမှော်အစီအရင် တပ်ဆင်ဖို့အတွက် အရမ်းကိုကုန်ကျစားရိတ်များလွန်းနေခဲ့သည်။ မှော်ပန်ကာပေါ်ပေါက်လာမှုက သူတို့ရဲ့လိုအပ်ချက်အကိုက်ဖြစ်နေပါတော့သည်။

တွေးကြည့်လိုက်လျှင် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ကြီးမားတဲ့ရေခဲမှော်အစီအရင်တပ်ဆင်မှုက ရွှေဒင်္ဂါး(၃၀)ပြားကုန်ကျပြီး လစဉ်ထိန်းသိမ်းစရိတ်အနေနှင့် ရွှေဒင်္ဂါး(၁၀၀) ခန့်ကုန်နိုင်သည်။ မှော်ပန်ကာကတော့ ရွှေဒင်္ဂါး(၂)ပြားသာကုန်ကျပြီး လစဉ်ကုန်ကျစရိတ်မှာလည်း ရွှေဒင်္ဂါး(၁)ပြားခန့်လောက်မကုန်ကျပေ။ မှော်ပန်ကာရော အသုံးပြုရမည့်မှော်ကျောက်တုံးတို့၏ ကုန်ကျစရိတ်တို့သည် သံသယဖြစ်ဖွယ်မရှိ အရမ်းကို ဈေးသက်သာနေခဲ့သည်။

မှော်ပန်ကာရဲ့ လုပ်နိုင်စွမ်းက ကြီးမားတဲ့ရေခဲအစီအရင်လောက်မစွမ်းသာပေမယ့် အပူဒဏ်ကိုတော့ သက်သာစေပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ရှုယီ ဘယ်လိုမှစဉ်းစားလို့မရခဲ့သည်က တစ်ရက်ဆိုသည့်အချိန်အတောအတွင်းတွင် ဟိန့်ဇ်၌ စုစုပေါင်း မှော်ပန်ကာ (၁၃၇) လုံး အမှာစာလက်ခံရရှိခဲ့တာကိုပင်။

ထို့ပြင် ဟိန့်ဇ် ပြောစကားအရ ဝယ်မည်ကိုသေချာမဆုံးဖြတ်ရသေးသည့်လူများ များစွာကျန်နေပြီး အကြောင်းက တကယ့်ပန်ကာအစစ်ကို မမြင်ရသေးသောကြောင့်ဖြစ်သည်။ နောက်ပြီး မှော်ပန်ကာများအလုံအလောက်ရှိပြီး နဂိုမူလဈေးထက်ပိုများသွားမှာကိုလည်း စိုးရိမ်နေပါသေးသည်။

“ခင်မင်ရပါသော ရှုယီ။ ဘယ်လိုပဲဖြစ်ဖြစ် မှော်ပန်ကာ (၃၆၇) ခုမဖြစ်မနေပြုလုပ်ပေးပါ။ ဒီလုပ်ငန်းက ငါတို့တွေ့ရဲ့အနာဂတ်အောင်မြင်မှုနဲ့ဆက်စပ်နေတာ။” ဟိန့်ဇ်သာ ရှုယီအပေါ်ထားတဲ့သဘောထားက အရင်လိုရိုးသားနေခဲ့လျှင်။ အခုတော့ သူသည် ရှုယီအား ရွှေပုံကြီးကိုကြည့်နေသကဲ့သို့ ကြည့်နေ၏။ ထို့နောက် ခိုင်မာသည့်ဆုံးဖြတ်ချက်အသံဖြင့် “တကယ်တော့၊ မင်းမှော်ပန်ကာဘယ်လောက်များများလုပ်နိုင်လဲ။ ဒီဘန်တာမြို့တော်မှာ မှော်ပန်ကာလိုအပ်နေတဲ့သူတွေအများကြီးကျန်နေမယ်လို့ငါယုံကြည်ထားတယ်။ ဘန်တာမြို့တော်မှာတစ်ယောက်မှမလိုတော့ရင်တောင်မှ၊ တခြားက တစ်ယောက်ယောက်ကတော့ရှိနေအုံးမယ်လို့ ငါယုံတယ်။”

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now