ညှိနှိုင်းခြင်း

100 14 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၆၄ ။ ညှိနှိုင်းခြင်း

သုံးယောက်သာစားသော်လည်း တစ်နာရီလောက်ကြာသွားလေသည်။ ထို့နောက် ဟောခန်းသို့သွားကြလေသည်။ စကားစမြည်ပြောကြပြီးနောက် မြို့တော်ဝန်ကစကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ဥက္ကဌရှု ခုလို လက်စ်လိုင်းကိုအကြောင်းထောက်ပြီး လာတွေ့ရလို့ ညစာစားတုန်းကလို တိတ်ဆိတ်နေဖို့မလိုပါဘူး"

ရှုယီခေါင်းညိမ့်ပြ၍ "မြို့တော်ဝန်၊ ကျွန်တော်က အခုမှဒီလိုခမ်းခမ်းနားနားကြိုဆိုခံရဖူးတာဆိုတော့ နည်းနည်းရှိန်နေလို့ပါ။ စကားမပြောချင်လို့မဟုတ်ပါဘူး။"

မြို့တော်ဝန်က လက်ကာပြ၍ "လက်စ်လိုင်း ပြောတုန်းကတော့ အရမ်းသွက်လက်ချက်ချာတယ်လို့ပြောပါတယ်။ Frestech ကုန်သည်ကြီးများအသင်းကိုထောက်ထားပြီးပြောရရင် ဟုတ်လည်းဟုတ်ပေသားပဲ။ ငါ့ကိုတွေ့ရတာ နည်းနည်းကြောက်ရွံ့နေတယ်လို့သာဆိုတာ ငါကတော့အဲလိုမထင်ပါဘူး"

ရှုယီကရယ်၍ "ဟုတ်ကဲ့ ကြောက်တာမကြောက်တာ အသာထားပြီး အခုကတော့ မကြောက်တော့ပါ့ဘူး။ ဒီလိုတွေ့ဆုံဖို့ အရှင်ဗစ်ကောင့်ထ်ကတဆင့် ကျွန်တော်စီစဉ်လိုက်ရတာ အရှင့်ရဲ့အကူအညီလိုနေလို့ပါ။"

"အင်း ကောင်းပြီ။ ငါ့အကူအညီမလိုဘဲ ဘယ်သူကများ ငါ့လိုအဖိုးကြီးကို လာတွေ့ပါ့မလဲ။ ငါကလည်း အချောအလှလေးမှမဟုတ်တာ။ ဒီတော့ ဘာများကူညီပေးရမလဲ ပြောစမ်းပါအုံး။ ကုမ္ပဏီထုတ်ကုန်ကြော်ငြာခိုင်းဖို့ဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူးပေါ့။ ဒီမြို့မှာကုမ္ပဏီတွေက အများကြီးပဲ။ မိတ်ဆက်ပေးဖို့ဆိုရင်တော့ ရပါတယ်။"

ရှုယီကရယ်၍ "ဟုတ်ကဲ့ ကြောကတာမကြောက်တာအသာထားပြီး ခုတော့မကြောက်တော့ပါဘူး။ ဒီလိုတွေ့ဆုံဖို့ အရှင်ဗစ်ကောင့်ထ် တဆင့် ကျွန်တော်စီစဥ်လိုက်ရတာ အရှင့်ရဲ့အကူအညီလိုနေလို့ပါ"

ရှုယီသည်မြို့တော်ဝန်၏စကားပြောပုံဆွဲဆောင်မှုရှိသည်ကို သဘောကျ၍ ပြုံးမိလေသည်။ ထိုဟာသည်လည်းကောင်းသည်။ သူသာခေါင်းမာသူဖြစ်ခဲ့လျှင် သူတင်ပြသောအချက်ကို တော်တော်နဲ့လက်ခံမည်မဟုတ်ပေ။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora