မြေငှားခြင်း

274 34 0
                                    

[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၀ ။ မြေငှားခြင်း

မြင်းလှည်းတစ်စီးက ဘန်တာမြို့အနောက်ဘက်ဂိတ်ပေါက်သို့ ဖြည်းညင်းစွာဦးတည်သွားနေသည်။ တဖြည်းဖြည်းအရှိန်မြန်လာပြီး ဘန်တာမြို့၏ဆင်ခြေဖုံးရပ်ကွက်သို့  မြန်ဆန်စွာ ဦးတည်သွားခဲ့သည်။

ရှုယီနှင့် ဟိန့်ဇ်တို့သည် ထိုမြင်းလှည်းအတွင်း၌ မျက်နှာချင်းဆိုင်ထိုင်လိုက်ပါလာခဲ့ကြသည်။ ဟိန့်ဇ်ကတော့ ဘန်တာမြို့၏မြေပုံအကြမ်းကို သူ့လက်ထဲတွင်ကိုင်ထားလျက်ရှိပြီး ရှုယီအားတစ်ခုခုကို ရှင်းပြနေခဲ့သည်။

“ကြည့်လိုက်ဦး၊ ဒါက မြို့စားကြီး လက်စ်လိုင်းရဲ့နယ်မြေမဟုတ်လား။ ဧရိယာစုစုပေါင်း (၁၀၀၀) ဟတ်တာအကျယ်ရှိပြီး နယ်မြေတစ်ဝက်ကျော်ကျော်လောက် မြေလွတ်မြေရိုင်းအဖြစ်ပဲရှိသေးတယ်။ မြို့စားကြီးလက်စ်လိုင်းက မြေလွတ်မြေရိုင်းမြေအချို့ကို ငါတို့ကို ငှါးဖို့ကတိပေးထားတယ်။”

ရှုယီကမြေပုံကိုကြည့်လိုက်ပြီး သူ့ရဲ့လက်ချောင်းဖြင့် မြေပုံကိုထောက်လိုက်ကာ “ရွေးနေစရာမလိုတော့ဘူး၊ ဒီနေရာကအဆင်ပြေတယ်။”

“ဒီနေရာလား။” ဟိန့်ဇ်က ရှုယီ ထောက်ပြသည့်နေရာကိုကြည့်လိုက်ပြီး စဉ်းစားလိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး “ဒီနေရာကဘန်တာမြို့နဲ့မနီးဘူး။ ပြီးတော့ အခြားနေရာတွေနဲ့လည်း မနီးပြန်ဘူး။ ငါတော့ ဒီမှာနေရတာ အဆင်ပြေမယ်မထင်ဘူး။” ဟုပြောခဲ့သည်။

ခပ်ရေးရေးပြုံးပြီးမပြောခင်မှာ ရှုယီက ပခုံးတွန့်လိုက်ပြလိုက်သည်။ “ဒီနေရာကကောင်းပါတယ်။ တကယ်လို့ဒီနေရာမှာ ဘာမှရှိမနေခဲ့ရင် ငါတို့ အစီစဉ်ချဖို့အတွက် ပိုပြီးအဆင်ပြေတယ်။ ဘာမှမရှိတဲ့စာရွက်အပိုင်းအစတစ်ခုမှာ ပုံဆွဲရတာက ရှုပ်နေတဲ့စာရွက်အပိုင်းမှာထက်တော့ ပိုပြီးလွယ်ကူတယ်ဆိုတာ သိပြီးသားမို့လား။”

“ဒါပေမဲ့ ဒီနေရာမျိုးက ငါတို့ ခန့်မှန်းထားတာထက်ပိုပြီးအကုန်အကျများလိမ့်မယ်။” ဟိန့်ဇ်က မျက်မှောင်ကြုတ်ထားဆဲပင်ဖြစ်သည်။

“ဒီအစပိုင်း ရင်းနှီးမြုပ်နှံမှုက မရှိမဖြစ်လိုတယ်။” ရှုယီ နောက်ထပ် မြေပုံပေါ်တွင် စက်ဝိုင်းမဆွဲမီ ခေါင်းငြိမ့်လိုက်ပြီး “အကယ်လို့ ဒီနေရာက အဆင်မပြေရင်တောင်မှ ဒီမြေလွတ်မြေရိုင်းရဲ့ အစိတ်အပိုင်းကြီးကို အသုံးပြုဖို့ ငါငှါးချင်တယ်။”

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now