မှော်စက်မှုအင်ပါယာအခန်း ၀၃၃ ။သုတေသနတွင်ရင်းနှီးမြှုပ်နှံခြင်း၏အရေးပါပုံ
စကားပုံတစ်ခုရှိလေသည် "အကြံဉာဏ်သည်စျေးပေါ၍ လက်တွေ့သည်စျေးကြီးသည်။"
ရှုယီသည် အရင်စက်မှုသမိုင်းသိပြီးကတည်းက တွေ့သမျှရတနာတို့ကို အကုန်သိမ်းကြုံးယူလေသည်။ မှော်ကျောက်တုံးများ ဘယ်လောက်စျေးကြီးကြီး သူသည် တွေ့သမျှအကုန်ဝယ်ထားချင်သည်။ သို့သော် လက်တွေ့လောကအကြောင်းကို သူခါးသီးစွာရင်ဆိုင်ရလိမ့်မည်ဟု မည်သူထင်မည်နည်း။
အကြောင်းကား သူ့တွင်ငွေမလုံလောက်ပေ။
"ဥက္ကဌကြီး ကုမ္ပဏီက ရွှေဒင်္ဂါးသုံးရာခြောက်ဆယ့်တစ်ပြားပဲရှိတော့တယ်။ လေ့လာချက်အရ စျေးအချိုဆုံးမိုင်းတွင်းက သုံးထောင်တောင်ရှိနေတယ်။" ဆာဘက်စ်ကအမှန်တရားကိုချပြလေသည်။ သူ့မျက်နှာကမူ ဘာမျှမပြ။
"အင်း အနည်းဆုံး သုံးထောင်ပေါ့။" ခဏစဉ်းစားလိုက်ပြီး "ဒီလိုဆိုနောက်တစ်လမှစဉ်းစားရတော့မှာပေါ့။"
"ဆရာ ကျွန်တော်တို့လုပ်နိုင်မှာမဟုတ်ဘူး။" ခေါင်းခါ၍ "အားလုံးအဆင်ပြေချောမွေ့ရင်တောင် တစ်လဝင်ငွေကငါးထောင်ပဲရှိမယ်။ အဲ့ဒါကိုလည်းသိမ်းထားဖို့လိုလိမ့်မယ်။ နောက်ပိုင်းတစ်ခုခုဖြစ်သွားရင် ကုမ္ပဏီအတွက်အရမ်းအန္တရာယ်များတယ်။ နောက်ပြီး ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာ့ရဲ့ရင်းနှီးမြှုပ်နှံမှုက အရမ်းများလွန်းတယ်။ သုတေသနမှာကို ကုမ္ပဏီရဲ့သုံးပုံတစ်ပုံကုန်နေတယ်။ အဲ့ဒါက ဘယ်ကုမ္ပဏီမှ မစွန့်စားကြပါဘူး။"
"အိုး.." ရှုယီကပြုံး၍ "ဒီစိတ်ကူးကမင်းကိုယ်ပိုင်လား။ အရှင် ဗစ်ကောင့်ထ်ဆီကလား။"
သူ့ကို အရှင်ဗစ်ကောင့်ထ်ကထောက်ခံချက်ပေးထားသူဖြစ်သည်။
စာချူပ်အရ အရှင်ဗစ်ကောင့်ထ်သည် ဘယ်ဆုံးဖြတ်ချက်မျှဝင်စွက်ဖက်၍ရမည်မဟုတ်ပေ။ သို့သော် အားလုံးကိုသိပိုင်ခွင့်ရှိ၍ အကြံဉာဏ်ပေးပိုင်ခွင့်ရှိသည်။ ထို့ကြောင့် တစ်ယောက်ယောက်လွှတ်ထားခြင်းဖြစ်သည်။
YOU ARE READING
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team