မှော်စက်မှုအင်ပါယာအခန်း ၀၃၄ ။သက်ဝင်ပန်းချီကားတချပ်အလား
"ဆရာ အဲ့ဒီတော့ တခြားမြို့တွေမှာသွားပြီး စျေးကွက်ချဲ့ထွင်ဖို့အကြံပေးချင်ပါတယ်။ ကျွန်တော်စုံစမ်းကြည့်ရသလောက်တော့ ဆော်လ်တန်မြို့က အဲ့ဒီစက်ရုံက ကျွန်တော်တို့လောက်ကောင်းအောင် မထုတ်နိုင်ပါဘူး။ ကျွန်တော်တို့သွားရောင်းမယ်ဆို စျေးကွက်ထိုးဖောက်နိုင်မှာပါ။" ဆာဘက်စ်ကလေးနက်စွာပြောလိုက်သည်။
"ဟားဟား သိပ်သေချာတာပေါ့။ ဒါပေမဲ့ အလျင်စလိုလုပ်လို့မဖြစ်ဘူး။ ဆော်လ်တန်မြို့ကသူများနယ်မြေလေ။ ငါတို့ကုန်ပစ္စည်းကကောင်းရင်တောင် သူတို့နယ်မြေကိုယူဖို့မလွယ်ဘူး။ အခွင့်အခါကောင်းကိုစောင့်လိုက်ရအောင်။ ဒီအခွင့်အရေးက စောစောကမင်းမေးနေတဲ့မေးခွန်းတွေနဲ့ဆိုင်သွားပြီ။"
ဆာဘက်စ် နားမလည်။ သူမေးတာမေ့သွားလေပြီ။
"ဆရာရင်းနှီးမြှုပ်နှံတဲ့သုတေသနတွေက မှော်ပန်ကာနဲ့လုံးဝမဆိုင်ပါဘူး။"
ရှုယီကခေါင်းခါ၍ "နိုးနိုး ဒီစက်ရုံမှာမဆိုင်တဲ့သုတေသနတစ်ခုမှကိုမရှိဘူး။ မှော်ပန်ကာကရိုးရှင်းတယ်လို့ထင်ရပေမဲ့ အတော်လေးရှုပ်တယ်။ အခုတော့မဆိုင်ရဘူးလို့ထင်ရပေမဲ့ တစ်နေ့အဖြေထွက်လာတဲ့အခါ ဘယ်လောက်သက်ဆိုင်လဲသိလာမှာပါ။ ဒီမှာလေ့လာတဲ့တစ်ခုချင်းစီတိုင်းက မှော်ပန်ကာနဲ့ပတ်သက်ပြီး အကြီးအကျယ်ပြောင်းလဲသွားစေနိုင်တယ်။ ပြီးတော့ငါတို့စက်ရုံက မှော်ပန်ကာ တစ်ခုတည်းထုတ်တာလို့ဘယ်သူပြောလဲ။"
ဆာဘက်စ် အံ့ဩသွားသည်။ ထိုစကားအရ ကုန်ပစ္စည်းအသစ်ထုတ်ရန်ဖြစ်နိုင်သည်။
သူမေးစရာရှိလာသည်။ သို့သော် ရှုယီကအခွင့်အရေးမပေးတော့။ ရှုယီသည် မတ်တတ်ရပ်လိုက်ပြီး အပြင်ကိုလက်ညှိုးထိုး၍ "ကောင်းပြီ အပြင်သွားပြီးကြည့်လိုက်ရအောင်။ အဲ့လောက်ကြာမှတော့ စတေးလ်လည်းပြီးတော့မှာပါ။"
ဆာဘက်စ်လည်းဘာမျှမပြောနိုင်ဘဲ နောက်ကလိုက်လာခဲ့သည်။
လမ်းလျှောက်လာစဉ် ဆာဘက်စ်သည် ရှုယီ ပြောလိုက်သောစကားကို ခရေစေ့တွင်းကျစဉ်းစားလာသည်။
VOUS LISEZ
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team