ပြောရေးဆိုခွင့်ရှိသူ

112 13 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၃၁ ။ပြောရေးဆိုခွင့်ရှိသူ

မှော်ပညာရှင်ကြီးကမ်မီလာ၏ဖုန်အလိမ်းလိမ်းဖြစ်နေသောဓါတ်ခွဲခန်းထဲမှ ရှုယီ တစ်ယောက်ထွက်လာခဲ့သည်။

မှော်လေအေးပေးစက်ကိုမြင်ချိန် အဲ့ဒါနှင့်ပတ်သက်သည့်လေ့လာသမှုပြုနေစဉ် သူနှင့်တိုင်ပင်ခဲ့သည်များကို မြင်ယောင်လာသည်။ သူ့ကြောင့် ရေခဲမှော်အစီအရင်ကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ကမ်မီလာကို သူ၏သုတေသနအကြံပေးသူအဖြစ် ဖိတ်ကြားချင်လေသည်။ သူ့အစွမ်းနှင့်ဆိုလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပေလိမ့်မည်။

ကမ်မီလာကလည်း လိုအပ်သည့်အကြံဉာဏ်ပေးရန်အတွက် သဘောတူခဲ့သည်။ သို့သော်ပိုက်ဆံပေးဖို့လုပ်သည်တွင် သူ့မျက်နှာကချက်ချင်းတင်းသွား၏။ စားပွဲကိုလက်ဝါးနဲ့ရိုက်၍ အခန်းထဲကထွက်သွားဖို့ပြောလိုက်သည်။

"ဒီအဖိုးကြီးကငွေနဲ့များရန်ဖြစ်ထားလို့လားဟ။" သိချင်စိတ်ဖြင့် ငြီးတွားလိုက်သည်။

ဆရာကြီး ကမ်မီလာသည် ပညာနှင့်ငွေ တွဲဖက်မစဉ်းစားတတ်သည်ကို သိသော်လည်း ဤမျှလောက်ထိဖြစ်သွားမည်ဟု ထင်မထားခဲ့ပေ။

"‌ဟေး ဦးလေး ဘာလို့ငေးငိုင်နေတာလဲ။ ဘာများဖြစ်လို့လဲ။ တစ်ယောက်ယောက်ကများအကြွေးမပေးလို့လား။" သူ့နောက်မှ အသံချိုချိုလေးပေါ်လာခဲ့သည်။

"ဘယ်သူမှငါ့ဆီမှာအကြွေးမတင်ပါဘူး။ ဒါနဲ့ငါ့အသက်ကနှစ်ဆယ့်ခုနှစ်ပဲရှိသေးတာ။ ဦးလေးလို့မခေါ်စမ်းပါနဲ့။" စတေးလ်ကိုကြည့်၍ပြောလိုက်သည်။

တစ်ညတည်းဖြင့် သူမ၏ဝမ်းနည်းမှုတို့သည် ယူပစ်သလိုပျောက်သွားလေပြီ။

နည်းနည်းတော့ပိန်သွားခဲ့သည်။

"ကျွန်မကိုကလေးလိုဆက်ဆံဖို့ ဘယ်သူကများပြောလိုက်လို့လဲ။" ထို့နောက် သူ့နောက်ကဓါတ်ခွဲခန်းကိုမြင်သော် "ဟင် အဖိုးကိုများစိတ်ဆိုးအောင်လုပ်ခဲ့သေးလား။"

သူ့အကြောင်းကိုရှင်းပြသော် သူမသည်ဝါးလုံးကွဲရယ်ချလိုက်သည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Onde histórias criam vida. Descubra agora