ဦးလေး

127 14 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၂၈ ။ ဦးလေး

"ငါ့ကိုသာပြောစမ်းပါ ဘာဖြစ်ခဲ့တာလည်းဆိုတာ။ နင့်ကိုအနိုင်ကျင့်ရင် ရတဲ့နည်းနဲ့ပြန်ပြီးကလဲ့စားချေပြမယ်။"

"ရှင်ကဟုတ်လား။" သူမသည် ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ "ရှင်ဘာမလုပ်နိုင်ပါဘူး။ သူ့မိသားစုနောက်ခံကအင်မတန်အစွမ်းကြီးတာ။"

"သူကဆွေကြီးမျိုးကြီးကပေါ့ဟုတ်လား။ အဲ့လိုဆိုလည်း နည်းနည်းစုံစမ်းကြည့်လိုက်မယ်။ ငါ့ကိုသာပြောစမ်းပါ၊ နင့်ကိုအနိုင်ကျင့်တဲ့ကောင်က ဘယ်လိုလူစားမျိုးလဲ။ နင့်ကိုဘယ်လိုအနိုင်ကျင့်လိုက်တာလဲ ငါသိချင်တယ်။"

ရှုယီက သူမကိုငေးကြည့်နေတာကြောင့် ရှက်သွေးဖြာသွားကာ "ရှင်ဘာတွေစဉ်းစားနေတာလဲ။ ကျွန်မဘာမှမဖြစ်ဘူး။ မမေ့နဲ့ဦး၊ ကျွန်မအဖိုးကမှော်ပညာရှင်ကြီး။ သူဘာမှကျွန်မကိုထိခိုက်အောင်မလုပ်ပါဘူး။"

"အင်း ဟုတ်သားပဲ။ ဒါနဲ့နင်ပြောတာ သူကအသုံးမကျတဲ့လူမှန်းသိလိုက်လို့ ဝမ်းနည်းတာဆို။ ဒီလိုဆို နင်အသည်းကွဲနေတာပေါ့။"

"အိုး ကျွန်မကသူနဲ့တောင် ချိန်းမတွေ့ရသေးဘူး။ ကျွန်မကဘာလို့အသည်းကွဲရမှာလဲ။"

"တစ်ဖက်သတ်အချစ်ကလည်းအသည်းကွဲတာပါပဲ။"

သူမမျက်နှာပေါ်ကဒေါသလေးပြန်မြင်လာတော့ သူစိတ်သက်သာရာရသွားသည်။

သူမမြတ်နိုးခဲ့ရသောလူကအသုံးမကျတဲ့အမှိုက်မှန်းသိ၍ သူမအိပ်မက်တွေပြိုလဲပျက်စီးသွားလေခြင်းလား။ အင်မတန်စိတ်ထိခိုက်စရာပါပေ။

ထိုကိစ္စသည် မိန်းကလေးများတွေ့ကြုံနေကျဖြစ်သည်။ သူမဘာမျှမဖြစ်ရင်ကိုတော်လှလေပြီ။ အတော်ကြာသော် ပြန်၍သက်သာလာလိမ့်မည်။

"အင်း ပြုံးနိုင်တာကိုကအားတက်စရာပေါ့။"

ရှုယီနှင့်စကားခဏပြောလိုက်ရခြင်းသည် သူမကိုအကြီးအကျယ်စိတ်သက်သာရာရသွားစေသည်။

ခဏကြာသော် ရှုယီကို သေချာကြည့်၍ "ရှုယီ အခုကျွန်မပြောမဲ့ဟာကို အဖိုးကိုသွားပြောလို့မရဘူးနော်။"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)حيث تعيش القصص. اكتشف الآن