မှော်စက်မှုအင်ပါယာ
အခန်း ၀၈၂ ။ ထူးဆန်းသောမေတ္တာရပ်ခံချက်
နှစ်ရက်ကြာပြီးနောက် ကမ်ဘီသည် အန်ဂိုလာမျိုးနွယ်မှ ရာချီသော လူပုလေးများကို မြို့သို့ခေါ်လာသည်။
ရှုယီသည်ထိုလူများအတွက် နေရာထိုင်ခင်းစီစဉ်ထားပြီးဖြစ်သည်။ ထို့ပြင် ကမ်ဘီကိုလည်းမန်နေဂျာအဖြစ်ဦးဆောင်ဦးစီးလုပ်ဖို့ပြောထားလေသည်။ ထိုလူသစ်များကိုလည်း အလုပ်နဲ့မြန်မြန်ရင်းနှီးမှုရှိပြီး အလျင်မြန်ဆုံးစတင်နိုင်ရန်ညွှန်ကြားဖို့ခိုင်းထားလေသည်။
စက်ရုံအလုပ်သည် အလွန်ပင်ပန်း၍ နောက်ဆိုပို၍ပင်ပန်းဖို့ရှိလေသည်။
"ခင်ဗျားမြင်လား။ ဒီမြစ်ဘေးကနေ ဟိုးအနောက်ဘက် မီတာငါးရာလောက်ထိ စက်ရုံနယ်နမိတ်ဖြစ်ချင်တာ။ ပြီးတော့ စက်ရုံကလေးမီတာမြင့်ရမယ်။ ဖြစ်နိုင်မလား" ရှုယီက လူလတ်ပိုင်းအရွယ်လူကြီးတယောက်ကိုပြောပြနေသည်။
ထိုလူလည်းခဏစဉ်းစားလိုက်ပြီး "ဥက္ကဌကြီး လုပ်ခိုင်းတာကနည်းနည်းများတော့ လုပ်ဖို့တော့အတော်လေးခက်လိမ့်မယ်"
"ခက်တာအသာထားပြီး လုပ်နိုင်လာမလုပ်နိုင်လားပဲပြောပါ။ မလုပ်နိုင်ရင် တခြားလူရှာရုံပေါ့"
ထိုလူလည်း ရင်ကိုကော့၍ " သေချာပေါက်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ အမ်ရစ်တွေသာမလုပ်နိုင်ရင် ဘယ်သူတွေလုပ်နိုင်အုံးမလဲ"
"အင်း ကောင်းသားပဲ"
ထိုလူကို ဝိန်းရီလိုင်းဟုခေါ်သည်။ သူသည် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်သည်။
သာမာန်အခြေအနေတွင် ရှုယီ ပိုင်ဆိုင်သောအလုပ်ရုံလေးမျိုးကို သူကိုယ်တိုင်လာရောက်မည်မဟုတ်ပေ။ သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဥက္ကဌကြီးမွန်းခရုစ်ကသူ့ကိုလွှတ်လိုက်ခြင်းဖြစ်ပေသည်။
ထိုဟာကိုထောက်၍ မွန်းခရုစ် က ရှုယီ ကိုဘယ်လောက်အလေးထားကြောင်း ခန့်မှန်းမိ၍ တလေးတစားဆက်ဆံလေသည်။
ESTÁS LEYENDO
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasíaMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team