ထုတ်ကုန်များကိုရှင်းထုတ်ခြင်း

113 12 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၅၉ ။ ထုတ်ကုန်များကိုရှင်းထုတ်ခြင်း

"ရွှေဒင်္ဂါးပြားငါးဆယ် များလှချေလား" ဖရီးမန်း အံ့အားသင့်စွာဖြင့်မတ်တတ်ရပ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် တကိုယ်လုံးတုန်ရီနေသည်။

ဆုလာဘ်ကမြင့်မည်ဟုထင်ထားခဲ့သော်လည်း ယခုလောက်များလိမ့်မည်ဟု ထင်မထားခဲ့။ သူ့လိုဆင်းရဲသားအတွက်တော့ ထိုငွေပမာဏသည် ဆင်းရဲတွင်းကလွတ်အောင်စွမ်းဆောင်နိုင်လေသည်။

ဆန်ကာပေါက်ဖြစ်နေသော အမိုးကိုပြင်နိုင်ရုံမက သူ့အိမ်ကပရိဘောဂတခုလုံးကိုလည်း ပြောင်းလဲပစ်နိုင်သည်။ ထို့ပြင် ချစ်ဇနီးအတွက် အင်္ကျီသစ်နှစ်ထည်ပင်ဝယ်နိုင်သေးသည်။ သူ့ကလေးများအတွက်တော့ ကစားစရာမျိုးစုံဝယ်ခဲ့လေသည်။

ရှုယီသည်သူ၏ပျော်ရွှင်နေသောမျက်နှာကိုကြည့်၍ ဘာမှမပြောပဲ ကြည့်နေလိုက်သည်။

အဲလက်စ် ပြောကြားချက်အရ ထို့ပြင် အဝတ်အစားကိုကြည့်၍ ဒီလူဘယ်လောက်ဆင်းရဲတွင်းနက်နေကြောင်း သိနိုင်လေသည်။ သူ့အတွက် ရွှေဒင်္ဂါးငါးဆယ်က ဘာမှမဟုတ်သော်လည်း ထိုလူအတွက်တော့ သိန်းထီပေါက်သည်နဲ့တူလှသည်။

ရှုယီ ကိုယ်တိုင်လည်း စိုင်စ်ကိုစရောက်သောအချိန်က ငတ်မွတ်ခဲ့ရသည်မှာသေမတတ်ပင်ဖြစ်ခဲ့သည်။

ထိုအချိန်ကသာ တယောက်ယောက်က သူ့ကိုရွှေဒင်္ဂါးငါးဆယ်သာပေးခဲ့လျှင် သူလည်း ဖရီးမန်းလိုအပျော်ကြီးပျော်ခဲ့မိပေမည်။ ခဏကြာသော် ဖရီးမန်း တည်ငြိမ်လာသည်။ ထို့နောက် ရှုယီ ကိုကြည့်လိုက်ပြီး ခက်ခဲစွာဖြင့် လည်ချောင်းကဆို့တက်တက်ဖြစ်နေသောတံထွေးကိုမြိုချလိုက်ပြီး "ဆရာ တကယ်ပဲပေးတာလား။ လိမ်နေတာတော့မဟုတ်ပါဘူးနော်။ ရွှေဒင်္ဂါးငါးဆယ်တကယ်ရမှာပေါ့ ဟုတ်လား"

ရှုယီကခေါင်းညိမ့်ပြ၍ "သေချာတာပေါ့။ ခင်ဗျားက ဘန်တာမြို့ကဆိုတော့ Frestech ကုန်သည်ကြီးများအသင်းကိုသိမှာပေါ့။ ကျွန်တော်တို့ကုမ္ပဏီအဖတ်ဆယ်လို့မရအောင် ဒီငါးဆယ်လေးနဲ့လဲပါ့မလား"

"နိုးနိုးနိုး အဲလိုမဟုတ်ပါဘူး။" ဖရီးမန်းကလက်ကာပြ၍

"ဆရာ အထင်မလွဲပါနဲ့။ ဒီလိုပါ ကျွန်တော်ကိုက မယုံကြည်အောင်ဖြစ်နေတာပါ။ ဆရာ့ကိုမယုံတာမဟုတ်ပါဘူး"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now