မှော်စက်မှုအင်ပါယာ
အခန်း ၀၈၇ ။ သောကများနဲ့ ဝယ်လာ
ရှုယီသည်ခဏတုံ့ဆိုင်းနေပြီး သူတို့နောက်လိုက်သွားသည်။
ထိုလူနှစ်ယောက်ကို စားပွဲထိုးကနေရာချပေး၍ ဟင်းပွဲများမှာနေစဉ်တွင် သူတို့ရှေ့ရောက်သွားသည်။
"ဟေး ရမ်နဲ့ ဝယ်လာတို့ မင်းတို့က ဆော်လ်တန် မြို့မှာလားလို့"
သူတို့သည် ကြောင်တောင်တောင်ဖြင့် သူ့ကိုငေးကြည့်နေကြလေသည်။ ထို့နောက် ဝယ်လာက "ဘန်တာမြို့ သေးသေးလေးပဲ၊ မိတ်ဆွေဟောင်းတွေကိုအချိန်မရွေးပြန်တွေ့နိုင်တာပဲ။ ဒါပေမယ့် ရှင်တော့မပါပါဘူး"
ရမ်မျက်နှာထားကလည်းမကောင်းပေ။ သူတို့မတွေ့ချင်သလိုလုပ်နေသည်။
"အိုး.ငါ့ကိုဘာလို့မတွေ့ချင်တာလဲ" အနားကထိုင်ခုံတွင်ထိုင်၍ မေးလိုက်သည်။ "ငါမင်းတို့အပေါ်ဘာမှ မမှားခဲ့ပါဘူး"
"မဟုတ်ပါဘူး ကျွန်မတို့ကလုပ်တာပါ။ " သူမ၏ကိုယ်ရောင်သည်လုံးဝမှေးမှိန်နေသည်။ အရင်ကနဲ့လုံးဝမတူပေ။ သူမှစကားတို့က တဲ့တိုးဆန်လှသည်။
သူခဏတွေဝေသွားပြီး "မင်းတို့တွေ လီယိုကုန်သည်ကြီးများအသင်းမှာသုတေသနလုပ်နေရတယ်ကြားတယ်။ အဲဒါနဲ့ဆိုင်လို့လား"
သူမကခေါင်းညိမ့်ပြသည်။ သူမဆက်ပြောဖို့လုပ်သည်တွင် ရမ်ကတားလိုက်သည်။
"မပြောပါနဲ့တော့ သူ့ကိုအနှောက်အယှက်ပေးသလိုဖြစ်သွားလိမ့်မယ်" သူ့မျက်နှာထားကနာကျင်မှုအရိပ်အယောင်တို့မြင်ရသည်။
သူမက "အင်း ခုတွေ့မှတော့ ပြောရတော့မှာပေါ့။ သူ့ဆီကခွင့်လွှတ်မှုကိုမရရင် တဘဝလုံးနာကျင်ရတော့မှာလေ ဒီတိုင်းပဲနေချင်တာလား"
ရမ်လည်းသက်ပြင်းတချက်သာရှိုက်၍ ထိုင်ခုံကိုမှီနေလိုက်သည်။
ရှုယီ တမျိုးခံစားရသည်။ သူတို့သည် ခီမီရော့နောက်လိုက်သွားပြီး အလေးပေးခံရသည်ဟု ကြားထားလေသည်။ သူတို့ဘာကြောင့်အဲလိုဖြစ်သွားလဲမသိ။
ESTÁS LEYENDO
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasíaMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team