အခန်း ၀၇၁ ။ ပုန်ကန်ချင်တာလား?

99 12 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၇၁ ။ ပုန်ကန်ချင်တာလား?

ထိုအကြောင်းကိုစဉ်းစားပြီးနောက်၊ လူပုလေး မူရူက ထိုသံဘောလုံးပြုလုပ်ရာမှာ သူအသုံးပြုသည့် နည်းစနစ်ကို ပြောပြောနေခဲ့သည်။

သူပြောပြခဲ့သည့် နည်းစနစ်ကို ရှုယီက ရှင်းရှင်းလင်းလင်းသိအောင်ထပ်မေးနေခဲ့သည်၊ ထိုအရာကို သွန်းလုပ်နေစဉ်အတွင်း မီးအပူချိန်ဘယ်လောက်ထားသည်ဆိုတာက အစမေးခဲ့သည်။

"အဲ့ဒီ... အပူချိန်တဲ့လား" မူရူက သူရဲ့ရှုပ်ပွနေသည့်ဆံပင်မျာကို ကုတ်ခြစ်လိုက်ပြီး အတော်ကို စိတ်ရှုပ်ထွေးသွားရသည် "ဥက္ကဌကြီးရှု ခင်ဗျားပြောချင်တာက မီးတောက်အများကြီးကိုဆိုလိုချင်တာလား။ အဲ့ဒါကိုတော့ ကျွန်တော်လဲမသိဘူး၊ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အဲ့ဒါကို သန့်စင်နေတုန်းက မီးတောက်တွေကတောပုံမှန်အနေထားပါပဲ အားအရမ်းမပြင်းပါဘူး။"

ရှုယီ အကူအညီမဲ့သွားသလိုခံစားလိုက်ရသည်။ စိုင်စ်နယ်မြေက ကမ္ဘာဂြိုလ်မှာလို အချက်အလက်မြောက်မြားစွာမရှိပါ။ သည်အချက်က စက်မှုစနစ်တိုးတက်လုပ်ဆောင်ရာမှာ အဓိကချို့ယွင်းချက်တစ်ခု ဖြစ်လာနိုင်သည်။ ဒါကြောင့် ကြည့်ရသည်မှာ သူအနေဖြင့် ထိုပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာကိုရှာရမည်ဖြစ်သည်။

အမှန်တကယ်တော့ ထိုပြဿနာကိုနောက်မှဖြေရှင်းလို့ရပြီး အရေးကြီးဆုံးက သူ့လက်ထဲမှာရှိနေသည့် သံဘောလုံးပင်ဖြစ်သည်။

မူရူကိုအကြိမ်များစွာမေးမြန်းပြီးနောက် ရှုယီအနေဖြင့် ကျေနပ်လောက်သည့်အဖြေမျိုးမရခဲ့ပေ။ နောက်ဆုံးမှာတော့ သူက မူရူကို ထိုနေ့က သန့်စင်မှုခြင်းပြုလုပ်ခဲ့ပုံကိုသာ ထပ်ခါထပ်ခါမေးမြန်းခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌဖြစ်သူ ရှုယီက မူရူ သန့်စင်ထားသည့် သံဘောလုံးကို စိတ်ဝင်တစားရှိနေကြောင်း ကြားသိရသောအခါ အခြားစမ်းသပ်လုပ်ဆောင်နေကြသည့်လူပုများက ရောက်လာကြကုန်သည်။

အာလုံးနှင့် မျက်နှာချင်းဆိုင်ပြီးသောအခါ မူရူက ထိုအကြောင်းကိုခဏလောက်စဉ်းစားလိုက်ပြီး မီးဖိုမှာမီးမွှေးလိုက်သည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Onde histórias criam vida. Descubra agora