အခန်း ၀၈၆ ။ သူယောက်ျားချင်းများကြိုက်နေသလား။

83 7 0
                                    

မှော်စက်မှုအင်ပါယာ


အခန်း ၀၈၆ ။ သူယောက်ျားချင်းများကြိုက်နေသလား။


ရှုယီ အံ့သြတုန်လှုပ်သွားသည်။ အာကာလီ ဘယ်ချိန်ကတည်းကရောက်နေသည်မသိ တံခါးကိုမှီ၍ ရပ်နေလေသည်။ သူတို့နှစ်ယောက်သားကို ကြည့်လျင်ပြုံးနေသည်။

"အာကာလီ ဘာတွေပြောနေတာလဲ" ထိုသို့ပြော၍ တံခါးအားလုံးကိုလိုက်ဖွင့်လေသည်။ အီဗီတာတယောက်ရှက်သွေးဖြာနေသည်ကိုကြည့်၍ ရှုယီ ပြုံးနေမိသည်။

အာကာလီကိုပြန်လှည့်ကြည့်သော် သူ့မလည်ပင်းကလည်ဆွဲပေါ်မျက်စိကျသွားသည်။ ဥက္ကဌရန့်ခ် ပေးလိုက်သောတခုနဲ့မတူပေ။

ထိုလည်ဆွဲကိုလက်ညှိုးပြ၍ "လည်ဆွဲတွေဝတ်ရတာကြိုက်သားနဲ့ ဘာလို့ ရန့်ခ် ပေးတာမဝတ်တာလဲ။ အဲဒါနဲ့မှ ပိုလိုက်တာ"

"သြော် ဥက္ကဌရန့်ခ် ပေးလိုက်တဲ့ဟာလား" သူမမျက်နှာတမျိုးပြောင်းသွားပြီး ခါးသီးစွာပြုံးလိုက်သည်။ ထို့နောက်အောက်ထပ်သို့ဆင်းသွားသည်။

သူကမေးရုံမေးသည်ကို ဘာလို့အဲလိုဖြစ်သွားရတာလဲ။

"ခုတလောဘာများဖြစ်ထားလို့လဲ" အီဗီတာကိုလှမ်းမေးလိုက်သည်။

သူမကအံ့သြသောအမူအရာဖြင့်ခေါင်းခါပြ၍ "ဘာမဖြစ်ပါဘူး။ ဒီတော့ အဲ့ဒီလည်ဆွဲက ဥက္ကဌပေးတာမဟုတ်ဘူးပေါ့"

"ငါလား" ခေါင်းခါပြီး "ဆာရန့်ခ် ကုန်သည်ကြီးများအသင်း ဥက္ကဌကြီးရန့်ခ် ပေးတာလေ ငါနဲ့မဆိုင်ပါဘူး"

"သြော် ဒီလိုကိုး အဲဒါကြောင့် ဒီလောက်လှနေတာကိုး။ ဒါနဲ့ ဥက္ကဌရှုမျက်နှာကြောင့်ပေးတာဆိုတော့ ဆရာပေးတဲ့သဘောပဲပေါ့"

"နိုးနိုးနိုး အဲလိုပြောလို့မရဘူးလေ။ သူပေးတာနဲ့ငါပေးတာ ဆိုတဲ့စကားက တော်တော်ကွာပါတယ် စကားကိုအဲလိုလွယ်လွယ်ပြောမရဘူးလေ"

"ဟုတ်ပါတယ် ဆရာကကျွန်မကောင်လေးမှမဟုတ်ပဲ ကျွန်မတောင်းဆိုတာကိုလည်းလက်မခံဘူးလေ။ ဒီတော့ ဆရာပေးတာလို့ ဘယ်ပြောလို့ရမလဲ" တံခါးအပြင်မှ အာကာလီ အသံထွက်လာသည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt