အခန်း ၀၉၀ ။ ကျောင်းသားရန်ပုံငွေ

94 8 0
                                    

မှော်စက်မှုအင်ပါယာ


အခန်း ၀၉၀ ။ကျောင်းသားရန်ပုံငွေ


"ဗီဗီယန် ဒီကောင်လေးနှောက်ယှက်နေတာကြပြီမဟုတ်လား" အန်းရစ်ခ်တို့အဖွဲ့ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်ပြေးသွားသည်ကိုမြင်သော် သူကမေးလေသည်။

သူရောက်လာရသည့်အကြောင်းရင်းက မှော်စက်နဲ့ပတ်သက်၍ သီအိုရီအခြေခံကို သင်ကြားရန်ဖြစ်သည်။

သူထိုသို့သောမြင်ကွင်းကိုတွေ့လိမ့်မည်ဟု မည်သူထင်မည်နည်း။

အစကတော့ သူမသူငယ်ချင်းများဟုထင်သည်။ သူမကိုအားကျ၍ ခင်ချင်မင်ချင်ကြသောကြောင့် မိတ်ဆွေလာဖွဲ့ကြသည်ဟုထင်သည်။ သို့သော် ခဏကြာသော် သူမကိုအတင်းဆွဲခေါ်နေသည်ကိုမြင်ရလေသည်။

သူမလှမ်းအော်၍အကုအညီမတောင်းသော်လည်း သူမအမူအရာကိုကြည့်ခြင်းအားဖြင့် ခုခံနေသည်ကိုတွေ့ရသည်။ သူရပ်ကြည့်နေနိင်ပါအုံးမလား။ သူမနဲ့အနေကြာပြီး မိသားစုဝင်လိုသဘောထားလေသည်။ ချက်ချင်းပြေးလာ၍ ဘာမှမပြောတော့ပဲ မီးလုံးဖြင့် ပေါက်လိုက်လေသည်။

သို့သော် အန်းရစ်ခ်သည် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း ရဲ့ ဥက္ကဌကြီး ဖူလာမော်ဂန်၏သားဖြစ်နေ၍ ထိုသို့တုံ့ပြန်လာလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် စီးပွားရေးအသင်းကိုဝင်ထားပြီးဖြစ်၍ သူတို့၏ဆက်ဆံရေးသည် မဆိုးလှ။ သူ့သားကိုထိုသို့ဆုံးမလိုက်သည်ကို မော်ဂန် သိသော် သူ့ကိုအပြစ်မတင်သော်လည်း ဆက်ဆံရေးတွင်အဖုအထစ်တော့ဖြစ်သွားနိုင်သည်။

သူ့မေးခွန်းကို သူမက တခွန်းသာပြန်ဖြေလေသည်။ "ဟုတ်"

"ဒီလိုဆို အစကဘာလို့မပြောတာလဲ" သူမလက်မောင်းကိုဆွဲ၍ မေးလေသည်။ ထိုအခါမှ လက်မောင်းတွင် ဒဏ်ရာရထားသည်ကို တွေ့လေသည်။ အန်းရစ်ခ် မည်မျှအတင်းအကြပ် ဆွဲရမ်းသည်ကိုခန့်မှန်းကြည့်နိုင်သည်။

"ငါဒီနေ့ရောက်မလာပဲ တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

သူမကခေါင်းကိုသာ အသာငုံ့၍ "ကျွန်မ..ကျွန်မ သခင်လေးကိုအနှောက်အယှက်မပေးချင်လို့ပါ"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Onde histórias criam vida. Descubra agora