မှော်စက်မှုအင်ပါယာ
အခန်း ၀၈၈ ။ လျို့ဝှက်စာချုပ်
"ရှုယီ ဘာတွေများစဉ်းစားနေတာလဲ" စတေးလ် ကမရိုမသေ သူ့ခေါင်းကိုပုတ်လိုက်လေသည်။ ထို့နောက် "ဝယ်လာက နည်းပညာခိုးကြောင်းကိုဝန်ခံမှတော့သူ့လိုလူမျိုးကိုခန့်အုံးမှာလား။ ကျန်တဲ့အရေးကြီးတဲ့နည်းပညာတွေပါခိုးမသွားနိုင်ဘူးလား"
"အဲလိုကြောက်နေရင် အစကတည်းက သုတေသနတောင်မလုပ်တော့ဘူး မင်းတို့သုံးယောက်ကိုပဲကြည့်လေ"
"အဓိပ္ပာယ်မရှိတာ။ ကျွန်မတို့ကသူနဲ့မှမတူတာ။ သူနဲ့ကခုမှသိတာလေ ကျွန်မတို့နဲ့ကအသိအကျွမ်းမိတ်ဆွေတွေကိုး"
"မိတ်ဆွေတွေဟုတ်လား" သူပြုံးမိသည်။ မိတ်ဆွေတင်မက ဆွေမျိုးသားချင်းပင်သစ္စာဖောက်နိုင်သည်။
သို့သော် သူ့အနေနဲ့ ဘာလုံခြုံရေးမျှမလုပ်ရသေးကြောင်း သူမကသတိပေးလေသည်။ သူတို့ခိုးသွားလျှင်တောင် သူဘာမျှမတတ်နိုင်ပေ။
သို့သော် ယခုလေ့လာနေသောနည်းပညာသည် အနိမ့်စားမျှသာဖြစ်၍ စိုးရိမ်ဖွယ်မရှိပေ။ အချိန်ကြာလာသော် နည်းပညာလည်းမြင့်လာပြီး ခိုးလာနိုင်ချေရှိလာသော် ကုမ္ပဏီအကြီးအကျယ်နစ်နာနိုင်သည်။
တခြားကုမ္ပဏီများကလည်း ထိုအခွင့်အရေးကိုစောင့်မျှော်နေကြသည်။ အီဗီတာနှင့် အာကာလီတို့နှစ်ယောက်သာ နည်းပညာမြင့်များကိုသိရှိလာသည်ဟုကြားသော် ငွေအမြောက်အများပေး၍ ဆွယ်ကြလိမ့်မည်။
"ဟေး စတေးလ် မင်းနဲ့ငါ လျို့ဝှက်စာချုပ် ချုပ်လိုက်ရင်ရော"
"မှော်စက်နဲ့ပတ်သက်ပြီးတော့လား" သူခေါင်းညိမ့်ပြသော် သူမကပြုံးလိုက်သည်။
"ဘာ ခုမှစဉ်းစားတာလား။ တခြားကုမ္ပဏီတွေက ကျွန်မနဲ့အဖိုးပိုင်ဆိုင်ထားတဲ့နည်းပညာတွေကို ငွေပုံအောပြီးဝယ်ချင်နေကြတာ"
"အိုး ဘယ်လောက်ပေးလို့လဲ။ စျေးသာမြင့်မယ်ဆို ငါလည်းရောင်းချင်လို့" သူကပြုံး၍ပြောသည်။
VOUS LISEZ
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team