မှော်စက်မှုအင်ပါယာအခန်း၀၅၃ ။အလုပ်သမားစုဆောင်းခြင်း
သူ့စိုးရိမ်မှုတို့သည် စက္ကန့်အနည်းငယ်မျှသာကြာလေသည်။ ရုတ်တစ်ရက်တစ်ခုခုကိုသတိရသွားသောကြောင့်ဖြစ်သည်။
"အိုး...ခုမှသိတော့တယ် ဒီနေ့ကအလုပ်သမားစုဆောင်းတဲ့နေ့ပဲ"
လွန်ခဲ့သောနေ့ကပင် ရှုယီက ဟိန့်ဇ်ကိုအလုပ်သမားစုဆောင်းဖို့ပြောထားလေသည်။
ထိုအချိန်က မှော်ပန်ကာစက်ရုံရော ရိတ်သိမ်းစက်ရုံရော နှစ်ခုလုံးမအားမလပ်လည်ပတ်နေရသည်။ ထို့ကြောင့်လည်း ဟိန့်ဇ်သည် မအားလပ်နိုင်ပေ။
ယခုတော့နွေရာသီကုန်ပြီဖြစ်၍ မှော်ပန်ကာအမှာကျသွားပြီး အချိန်ပိုရလာလေသည်။ အချိန်ပေးပြင်ဆင်ပြီးသော် လူစုဆောင်းမှုစတင်တော့သည်။
မနေ့ကထိုကိစ္စနဲ့ပတ်သက်၍ သူ့ကိုတင်ပြပြီးသားဖြစ်လေသည်။ မှော်ဆရာကြီး ကမ်မီလာနဲ့ပူးပေါင်းမှုအောင်မြင်ပြီး အကြံဉာဏ်များပွင့်လာ၍ အပျော်ကြီးပျော်ပြီး ထိုကိစ္စကိုမေ့သွားခြင်းပင်။
"လူတွေဒီလောက်များလိုက်မယ်လို့ထင်မထားဘူး သူတို့မှာဘာလုပ်စရာမရှိတော့ဘူးလား။ အဲဒါလည်းမဟုတ်သေးပါဘူး" ကောင်းကင်သို့ကြည့်လိုက်ရ နေသည်ဝင်လုဆဲပင်။
" ညနေရောက်တာတောင်လူတွေကမကုန်သေးဘူး။ ဟိန့်ဇ်ကများတနေကုန်အချန်ဖြုန်းနေလို့လား"
သိချင်ဇောဖြင့်စက်ရုံသို့ချဥ်းကပ်လာသည်။ သို့သော် စက်ရုံရှေ့တစ်ခုလုံးလူတွေနဲ့ပြည့်နှက်နေသည်။ တံခါးဆီသို့ပင်ရောက်အောင်မတိုးနိုင်။ သူ့ရှေ့ကလူတယောက်ရဲ့ ပုခုံးကိုပုတ်လိုက်သည်။ ဘေးသို့ဖယ်စေချင်သည် သို့သော် အသက်နှစ်ဆယ်ခန့်ထိုလူသည် သူ့ကိုစိုက်ကြည့်နေသည်။
"ဘာလုပ်တာလဲ ကောင်းကောင်းတန်းစီစမ်းပါ"
ရှုယီ ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။ တန်းစီခိုင်းထားတာကောင်းသည်။ သို့သော် ဘာကြောင့်များ အစီအစဉ်တကျတန်းမစီခိုင်းရသနည်း။
ဝဲယာကြည့်လိုက်သော် လိုက်ကြီးကြပ်နေသော အဲလက်စ်ကိုတွေ့လေသည်။
ESTÁS LEYENDO
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasíaMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team