မှော်စက်မှုအင်ပါယာ
Vol1, အခန်း ၁၁၇ ။ကိုယ်ပြိုင်သူပြိုင်ဖြင့် မျှော်လင့်မထားသည့်အရာဖြစ်လာ
ဗီဗီယန်ပြောသည်ကိုကြားသော် အက်ဂ်နက်စ်ကသံသယစိတ်ဖြင့် သူမကိုကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။ ရှုယီသည်သိချင်စိတ်ဖြင့် "ဘာလို့မကောင်းတာလဲ။ ဗီဗီယန်ရေ ပြောပါအုံး ဘယ်အပိုင်းကမကောင်းတာလဲ"
သူမ၏အစွမ်းအစကိုမမျှော်လင့်ပဲတွေ့ပြီးကတည်းက သူမအပေါ်အထင်ကြီးခဲ့သည်။ ထို့ကြောင့်လည်း ဘာရွန် ရစ်တိုမှော်အကယ်ဒမီ ကျောင်းကိုပို့ခဲ့သည်။
ယခုသူမသည် အက်ဂ်နက်စ် ဆွဲသောလှပသောမှော်မီးအိမ်ကိုသဘောမတွေ့သည်ဖြစ်၍ အံ့သြစရာတော့မဟုတ်ပေ။ သူစိတ်လှုပ်ရှားရုံသာဖြစ်သည်။
"ဒါ..." ဗီဗီယန်သည် အက်ဂ်နက်စ် ကိုကြည့်သော် ကြီးမားသောနားကြီးများကိုသာမြင်ရသည်။ ထိုအမကြီးကားပျော်ရွှင်ပုံမပေါ်။ ထို့ကြောင့် မှော်မီးအိမ်ကိုလက်ညှိုးထိုးပြပြီးသော် လှပသေသပ်သောအောက်ခြေကိုထိုးပြ၍ "အခြေကဒီလိုသာဆို အဲဒီအပေါ်မှာ မှော်အစီအရင် ဆွဲဖို့မဖြစ်နိုင်တော့ဘူး"
သူမလက်ညှိုးထိုးပြရာကို ရှုယီ ကြည့်ပြီးခဏစဉ်းစားလိုက်ပြီး သူမမှန်သည်ကိုတွေ့ရသည်။ အီဗီတာသည်ဆွဲသာဆွဲသော်လည်း ဒီဇိုင်းနဲ့ပတ်သက်၍သင်ယူမထားသည်ဖြစ်၍ လိုအပ်သလောက်သာဆွဲလိုက်ရသည်။ ထို့ကြောင့် သူမမစဉ်းစားမိတာတွေအများကြီးရှိနေသည်။
ယခုမီးအိမ်သည်သူမ၏စမ်းသပ်ချက်များမှပေါ်ထွက်လာသည်ဖြစ်၍ ပုံစံနဲ့ပတ်သက်၍မစဉ်းစားမိ။ ထို့ကြောင့် အက်ဂ်နက်စ် ပြောင်းလဲလိုက်သော် ပြဿနာသည်ချက်ချင်းပေါ်ထွက်လာသည်။
အရေးကြီးဆုံးသည် ဒီဇိုင်းဆွဲထားသောအောက်ခြေသည် မှော်အစီအရင်ကိုထောက်ပံ့မပေးနိုင်ခြင်းပင်။ သို့သော် အက်ဂ်နက်စ်ကပြောင်းလဲပစ်သည်။ အောက်ခြေသည်အလွန်သေးငယ်နေ၍ မှော်အစီအရင်ကိုထိုပေါ်တွင်ထားရန်မဖြစ်နိုင်။တနည်းပြောရလျှင် ထိုဒီဇိုင်းသည် လုံးဝအမှားကြီးဖြစ်သည်။
VOCÊ ESTÁ LENDO
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasiaMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team