အပိုင်း ၉၃+၉၄

73 8 0
                                    

မှော်စက်မှုအင်ပါယာ


အခန်း ၀၉၃ ။ မိုက်မိနေတဲ့အရှင်ဗစ်ကောင့်ထ်


နှစ်ရက်ကြာပြီးနောက် မြင့်ခုနှစ်ကောင်ဆွဲသောရထားလုံးသည် လမ်ပူရီတိုင်းပြည်၏မြို့တော် အန်ဗီမာမြို့သို့ဝင်လာလေသည်။

မြို့ထဲသို့ဝင်ကာစ ထောင့်ကွေးလေးတခုတွင် ဘာရွန်ဟားနက်စ်သည်ခုန်ချလိုက်လေသည်။

"လက်စ်လိုင်း၊ ရှုယီ ငါအိမ်ပြန်နှင့်မယ်။ အချိန်ရရင်တော့လာတွေ့ပါ့မယ်။ အဖေကလည်း ရှုယီကိုတွေ့ချင်နေမှာပဲ"

"အွန်း ကျွန်တော်လည်းတွေ့ချင်နေတာပါ" ရှုယီကပြုံး၍ပြန်ပြောသည်။ ဘာရွန်ဟားနက်စ်ကခေါင်းခါ၍ " အဖေက..ထားလိုက်ပါ။ ဒီရောက်ပြီးမှတော့ တတ်နိုင်သလောက်လူတွေနဲ့လိုက်တွေ့ကြည့်ပေါ့။ သွားပြီ" လက်ပြနှုတ်ဆက်၍ ကျန်ရစ်ခဲ့လေသည်။

"သူနောက်ကျောင်းများလမ်းပြန်လျှောက်သွားတာလား"

"မားကွစ္စ်သော်ရာရဲ့အိမ်ကဒီကနေဆို သိပ်မဝေးဘူး။" ဗစ်ကောင့်ထ်လက်စ်လိုင်းကရှင်းပြသည်။ ထို့နောက်မြင်းလှည်းဆရာကိုတဖက်သို့လှည့်ရန်ခိုင်းလိုက်လေသည်။

အန်ဗီမာမြို့သည် ဘန်တာမြို့ထက် အင်မတန်စည်ကားလေသည်။ လမ်းအားလုံးသည် ယာဉ်များဖြင့် ပြည့်နှက်နေ၍ နာရီဝက်လောက်ကြာမှလိုရာသို့ရောက်သည်။

"ကျွန်တော်တို့မှာသာပစ္စည်းတွေမများရင် ဆင်းပြီးလမ်းလျှောက်တာကမြန်အုံးမယ်" ရှုယီကလူအုပ်ကြီးကိုကြည့်၍ ပြောလေသည်။

"တခြားလမ်းလည်းမရှိဘူးလေ။ ဒီမြို့က ဒီတိုင်းပြည်မှာအကြီးဆုံးပဲ။ လူလည်းအတော်ရှုပ်တယ်။ မှော်ပညာရှင်များအဖွဲ့စာမေးပွဲလည်းရှိတော့ ခါတိုင်းထက်ပိုများမှာပေါ့။ ငါငယ်ငယ်ကတော့ တယောက်ထဲလျှောက်လျှက်ရှိတယ်။ အဲဒီအချိန်ကဟာတွေ‌တောင် သတိရသွားပြီ" ဗစ်ကောင့်ထ်လက်စ်လိုင်းကပြောလေသည်။

မြင်းလှည်းသည်ဖြည်းဖြည်းချင်း‌ရွေ့လျားနေသည်။ တော်သေးသည် သူတို့သွားရမည့်ခရီးကသိပ်မဝေးလှ။ ရှုယီကားအေးဆေးတည်ငြိမ်စွာဖြင့် ပြတင်းပေါက်ကနေကြည့်နေသည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant