မှော်စက်မှုအင်ပါယာအခန်း ၀၄၄ ။ ကုန်ပစ္စည်းအသစ်ပြောင်းလဲခြင်း
နေ့မြင့်လာသော် မုန်တိုင်းရောက်လာလေသည်။
ခေါင်မိုးပေါ်သို့ မိုးကျသံသည် အတိုင်းသားကြားနေရသည်။
"ဒီလောက်ထိမိုးရွာတာ အခုကပထမဆုံးအကြိမ်ပဲ၊ မိုးလုံပါ့မလားမသိဘူး။" ရှုယီကခေါင်မိုးပေါ်သို့မော့ကြည့်၍ စိုးရိမ်တကြီးပြောလိုက်သည်။
"နည်းနည်းတော့ယိုလောက်တယ် ကိစ္စမရှိလောက်ပါဘူး။" ဟိန့်ဇ်ကပြောလေသည်။
အပြင်တွင်မှောင်မဲနေ၍ သေချာမမြင်နိုင်ပေ။
အလုပ်ရုံထဲတွင် မည်သူမျှမရှိတော့ချေ။ ရှုယီ, ဟိန့်ဇ်, ဆာဘက်စ်နှင့် ကမ်ဘီတို့လေးယောက်သာကျန်ရှိတော့ပြီး အခန်းထဲတွင် တိတ်ဆိတ်နေသည်။
"မဟုတ်ဘူး..မိုးယိုတာကိုက ပြဿနာပဲ။" ရှုယီကခေါင်းခါ၍ "ဟိန့်ဇ် ဒီမှာစက်ပစ္စည်းထုတ်လုပ်မှာလေ၊ မိုးရေစိုသွားရင် မှော်အစီအရင်ကိုထိခိုက်လိမ့်မယ်။ ဒီတော့ ချက်ချင်းဖြေရှင်းမှရမယ်။"
ဟိန့်ဇ်ကမော့ကြည့်၍ "မဟုတ်သေးပါဘူး၊ သူတို့ကသံနဲ့လုပ်ထားတာ နည်းနည်းစိုတာလောက်တော့ ဘာမှမဖြစ်လောက်ပါဘူး။"
ကမ်ဘီကလည်း နားမလည်နိုင်စွာဖြင့် ရှုယီကိုမော့ကြည့်လိုက်သည်။ ဒီလောက်အသေးအဖွဲလေးကို ဘာလို့များ အရေးတကြီးဖြစ်နေပါလိမ့်။
သူ့ဘဝတွင် ရှုယီထက်ပို၍ သံနှင့်ရင်းနှီးမှုရှိလေသည်။ ဒီလောက်မိုးလေးနဲ့ မပျက်စီးနိုင်ကြောင်း သူသိသည်။
ဆာဘက်စ်သည်ကား ဘေးကရပ်ကြည့်၍ မတုတ်မလှုပ်။
ရှုယီ တစ်ယောက်ဘာမျှမတတ်နိုင်ပေ။ သံချေးတက်သွားလျှင် သူ့အတွက် အများကြီးနစ်နာသွားမည်ဖြစ်သည်။
ထောင့်တွင်ရှိသော ပြီးပြီးသား မှော်ပန်ကာတို့ကိုကြည့်၍ စိတ်ပျက်လက်ပျက်ခေါင်းခါမိသည်။
သူသည်ကား စက်မှုအင်ဂျင်နီယာသာဖြစ်၍ ရွေးချယ်စရာမရှိတော့ပေ။ သုတေသနပစ္စည်းများနှင့်ပတ်သက်၍ အနည်းငယ်သိသော်လည်း ဤမျှမကျွမ်းကျင်ပေ။ ပလက်စတစ်နှင့်လည်း လုပ်၍မရ။ အကယ်၍ ပလက်စတစ်ဖြင့်ဆိုလျှင် သံချေးတက်မည်မဟုတ်ပေ။ ပိုလှပပြီး ပေါ့လည်းပေါ့ သွားနိုင်သည်။ ကုန်ကျစရိတ်ကိုလည်း သက်သာစေ၍ အမြတ်လည်းပိုထွက်နိုင်သည်။
YOU ARE READING
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team