[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၀၀၇ ။ လက်မခံနိုင်ပါ“အခုရေတစ်ထောင်ဟုတ်လား။” ဟိန့်ဇ် ပြောစရာစကားမရှိဖြစ်ခဲ့ပြီး လဲ့ဝစ်အား အံ့ဩသည့်အကြည့်နှင့်ကြည့်လိုက်သည်။ သူသည် အဲ့လောက်များလိမ့်မည်ဟုမမျှော်လင့်ထားပေ။ ထိုလူကတော့ သည်လောက်များသည့်ပမာဏကို တစ်ခွန်းတည်းပြောခဲ့သည်။
လဲ့ဝစ်ကညင်သာစွာပြုံးလိုက်ပြီး “ဘာလဲ၊ မရနိုင်ဘူးလား။”
“ရပါတယ်ဗျာ။” ဟိန့်ဇ်က ချက်ချင်းလက်ခံချင်သော်လည်း ရုတ်တရက် သူ့မှာဒီလိုကိစ္စမျိုးအတွက် ဆုံးဖြတ်နိုင်ခွင့်မရှိကြောင်း သတိရသွားခဲ့ပြီး အလျင်အမြန်ပဲ ရှုယီ အပေါ်အာရုံရောက်သွားခဲ့ကာ ရှုယီကို မျက်စောင်းထိုးပြီးကြည့်လိုက်သည်။ သူမြန်မြန်ဆန်ဆန်လက်ခံရန်သာ မျှော်လင့်နေခဲ့တော့သည်။
ဟာသပြောနေတာလား။ မှော်ပန်ကာ (၁၀၀၀) ဟုတ်လား။ တစ်ခုလျှင် ရွှေဒင်္ဂါး (၂)ပြား ဈေးဖြင့်တွက်လျှင် ရွှေဒင်္ဂါး (၂၀၀၀) ကုန်ကျလိမ့်မည်။
(၁၀) ရာခိုင်နှုန်း ဝေစုအရ သူအနေဖြင့် ဤစီးပွားရေးလုပ်ကွက်တစ်ခုတည်းနှင့်ပင် ရွှေဒင်္ဂါး (၂၀၀) ခန့်ရရှိနိုင်မည်ဖြစ်သည်။
သို့သော် ဟိန့်ဇ်က တစ်ဖန်ပြန်စဉ်းစားခဲ့သည်။ အကယ်၍ လဲ့ဝစ်သာ ရှုယီထံသို့ တိုက်ရိုက်မှာယူခဲ့လျှင် သူ့အနေဖြင့် ဘာမျှလုပ်စရာမရှိတော့ပါ။ သူရဲ့ ဝေစုလည်းရရှိတော့မဟုတ်ပေ။
ထိုအခြင်းရာကိုစဉ်းစားရင်း ဟိန့်ဇ် ဘာမှမတတ်နိုင်ဘဲ ဆုံးရှုံးသွားသလိုခံစားနေရတော့သည်။
ဟိန့်ဇ်ရဲ့အမူအရာကို ကြည့်ရင်း လဲ့ဝစ်က ဆံပင်အမည်းရောင်နှင့်လူငယ်လေးဖြစ်သည့် မျက်မှန်းမတန်းမိသည့် ရှုယီသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဆိုတာကို ချက်ချင်းဆိုသလို နားလည်သွားခဲ့ပြီး ရှုယီဆီသို့အကြည့်ရောက်သွားသည်။
ရှုယီကတော့ အခြားအကြောင်းအရာကိုတွေးနေခဲ့သည်။ သူအနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအကြောင်းကို ခဏလောက်စဉ်းစားပြီးနောက် ဟိန့်ဇ် မျက်စိရှေ့တွေပင် သူ့ရဲ့ခေါင်းကို ခါခဲ့လိုက်သည်။
YOU ARE READING
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team