ရောင်းချခြင်း

353 46 0
                                    

[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၀၀၄ ။ ရောင်းချခြင်း

တံခါးကနေအသံဖျော့ဖျော့ထွက်ပေါ်လာသည်။ မဟာမှော်ပညာရှင် ကမ်မီလာ အတွက်တော့လှည့်တောင်ကြည့်စရာမလိုပဲ သူရဲ့အဖိုးတန်သမီး စတေးလ် ဆိုတာသိနေခဲ့သည်။

သူ(မ)ကလွဲပြီး မှော်မျှော်စင်မှာရှိသည့်မည်သူမျှ အခန်းတံခါးမခေါက်ပဲ သူ့အခန်းအတွင်းမဝင်လာရပါ။

“အဖိုးရေ ၊သမီးပြန်လာပြီ” စတေးလ်ရဲ့ငယ်ရွယ်နုပျိုသောအသံက ကမ်မီလာ ကြီးရှေ့ကနေထွက်ပေါ်လာခဲ့သည်။

ကမ်မီလာက သူ့ရှေ့က စတေးလ်ကို ပြုံးပြပြီးနှစ်လိုဖွယ်ရာကြည့်လိုက်သည်။သူ့ရဲ့ တွေဝေငေးကြည့်နေမှုက စတေးလ် ရဲ့မျက်နှာကနေ သူ(မ)ရဲ့လက်မောင်းမှာပိုက်ထားတဲ့ ထူးဆန်းတဲ့သံတုံးကြီးဆီသို့အကြည့်ရောက်သွားသည်။

“အဲ့ဒါကဘာကြီးလဲ” မဟာမှော်ပညာရှင် ကမ်မီလာကသူ့မျက်ခုံးကိုပင့်ပြီးမေးခဲ့သည်။

“သမီး ပျော်စရာကောင်းတာတစ်ခုကိုဝယ်ခဲ့တာလေ ဒါကိုမှော်ပန်ကာလို့ခေါ်တာလေ၊ကြည့်လိုက်ပါအုံး” စတေးလ်က အပြုံးနှင်ပြန်တုံ့ပြန်လိုက်ပြီး သူပွေ့ထားတဲ့ပန်ကာကို ကမ်မီလာရဲ့ရှေ့ကခုံပေါ်တင်ထားလိုက်သည်။ ထို့နောက်သူ(မ)က အောက်ခြေမှာရှိသည့်ခလုတ်ကိုနှိပ်ချလိုက်သည်။

“ဒတ် ဒတ်…..

အသံနှင့်အတူပဲ ဒလက်(၃)လက်လို့ ကမ်မီလာ ထင်နေတဲ့အရာတွေက ဖြည်းဖြည်းချင်းလည်လာခဲ့သည်။ သူတို့ကချက်ချင်းဆိုသလိုမြန်ဆန်လာပြီး ညင်သာသည့်လေပြေလေညင်းလေးတွေထွက်လာခဲ့သည်။

“အထဲမှာရှိတာက … မှော်အစီအရင်ဟုတ်တယ်မို့လား”

မှော်ပညာရှင်အဖွဲ့အစည်းကနေ ကြယ်သုံးပွင့် မဟာမှော်ပညာရှင် လို့အသိအမှတ်ပြုခံရသူ ကမ်မီလာရဲ့ မှော်ပညာအစွမ်းက ရမ်နှင့်အခြားသူတွေထက် အရမ်းကိုအားကောင်းလွန်းပါသည်။ မှော်ပန်ကာစတင်လည်ပတ်သည့်အခါမှာ မှော်ပန်ကာအတွင်းက အရေးပါတဲ့မှော်ပညာအတက်အကျဖြစ်နေသည်ကို သူက အာရုံခံနိုင်ခဲ့သည်။

“ဟုတ်တယ်မို့လား၊ ဖိုးဖိုး ဒါလေးကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်မို့လား”လို့ စတေးလ်ကမေးလိုက်သည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora