မှော်စက်မှုအင်ပါယာ
Vol1, အခန်း၁၂၁ ။ အလုပ်သမားကဒ်
မန်နေဂျာရီလိုင်းက လှည့်ပြန်ဖို့ရန် အကြောင်းပြချက်ရှာပြီးနောက် ဆယ်ဗီနီက အပိုအဓိပ္ပါယ်များပါသော အပြုံးဖြင့် ရှုယီအား " ဥက္ကဌရှု ကြည်ရတာတော့ မင်းရဲ့ ဘန်တာမြို့က လုပ်ဖော်ကိုင်ဖက်က မင်းနဲ့အတူရှိနေရတာ မပျော်ဘူးထင်တယ်" ဟုပြောလိုက်သည်။
ရှုယီက ရယ်မောလိုက်ကာ အတော်ကို ထိတ်လန့်သွားသည့်ပုံဖြင့် " မိန်းမပျိုဆယ်ဗီနီ ဘာတွေများပြောနေတာလဲ။ ဘန်တာမြို့က ကုမ္ပဏီအကြီးတွေက စီးပွားရေးသင်းကနေတစ်ဆင့် အတော်ကိုကောင်းမွန်တဲ့ လက်တွဲဖော်တွေပါ။ မကျေမချမ်းဖြစ်စရာ ဘာအကြောင်းရှိလို့လဲ။ မင်းတစ်ခုခုကို အထင်မှတ်မှားနေပြီးနဲ့တူတယ်"
ဆယ်ဗီနီက ပြုံးလိုက်ကာ ထိုစကားများကို အချိန်ကုန်ခံပြီးဆက်ပြောဆိုတော့ပေ။ သူက မှော်စက်ပစ္စည်း အလုပ်ရုံကို ကြည့်နေခဲ့ကာ သူမက ရှုယီရဲ့လမ်းပြမှုဖြင့် လှည့်လည်ကြည့်ရှုနေခဲ့တာဖြစ်ပြီး ထိုအကြောင်းကို စဉ်းစားကာ "ဥက္ကဌကြီးရှု ရှင်ပြောခဲ့တာက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်ဖို့အတွက် ရှင်က အချိန်တစ်လဝန်းကျင်အတွင်းမှာ မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များကို တိုးတက်လာအောင်လုပ်ဖို့ အစီစဉ်ဆွဲနေတယ်ဆို။ ဒါနဲ့ ရှင်က အဲ့ဒီ မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များကို သုတေသနလုပ်ဖို့နဲ့ တိုးတက်အောင်လုပ်တဲ့နေရာမှာ ယုံကြည်ချက်ရှိသလား"
"အမှန်တော့" ရှုယီက အရမ်းကိုအခိုင်အမာဖြစ်နေသည့် လေသံဖြင့် "ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များ တိုးတက်လာအောင်လုပ်တဲ့နေရာမှာ အတွေအကြုံတွေအများကြီးကိုရှိပြီးသားပါ။ အခုချိန် ငါတို့မှာ စွမ်းအင်ပြည့်ဝနေတဲ့ ကျောထောက်နောက်ခံ မဟာမှော်ပညာရှင်ကြီးကမ်မီလာလိုလူမျိုး ရှိနေတာဖြစ်တဲ့အတွက် ဒီတစ်ခါမှာတော့ သေချာပေါက်အောင်မြင်မယ်လို့ ကျွန်တော်ပြောရဲတယ်"
YOU ARE READING
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team