Vol1, အပိုင်း ၁၁၃-၁၁၆

69 6 0
                                    

မှော်စက်မှုအင်ပါယာ


Vol1, အခန်း ၁၁၃ ။လူပုမှော်စက်မှုအင်ဂျင်နီယာ


မှော်လေအေးပေးစက်ကြောင့်စိတ်လှုပ်ရှားလာသည်ထင်သည်။ ရှုယီအနေဖြင့်သူတို့ကို အလုပ်ရုံနှစ်ခုသာလှည့်ပြလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းအတွက်အလုပ်လုပ်ချင်သူကိုးယောက်ရှိလာသည်။

ကျန်သောငြင်းဆိုသောလေးယောက်ထဲတွင် သူ့ကိုစိတ်အပျက်ကြီးပျက်စေသူများကတော့ အာရ်ဝင်းနှင့် ဘော့ဘ်တို့ဖြစ်သည်။

"စိတ်မကောင်းပါဘူး။ , ရှုယီ ဒီမှာလုပ်ချင်ပေမယ့် ..." အာရ်ဝင်းသည်စိတ်စနိုးစနှောင့်ဖြစ်နေပြီး "ငါငယ်ငယ်ကတည်းကဖြစ်ချင်ဆုံးက တကယ့်မှော်ဆရာကြီးလေ။ အခုလည်းငယ်သေးတော့ ငါ့အိပ်မက်ကိုလက်မလွှတ်ချင်သေးဘူး"

ရှုယီက" ဒီမှာမှော်ကိုလေ့လာလို့ရပါတယ်။ ရွန်နီတောင်နေသေးတာ သူဆိုမင်းထက်တောင်အဆင့်နိမ့်သေးတယ်"

အာရ်ဝင်းကရယ်မော၍ ခေါင်းကုတ်ပြီး "ဒီမှာနေတာထက်အန္တရာယ်တွေကျော်ဖြတ်ပြီးပဲနေချင်တာ။ အဲဒါမှအစွမ်းတွေမြင့်တက်မှာလေ။ ရွန်နီ မိသားစုအခြေအနေကမကောင်းဘူးလေ။ ဒီတော့သူကပိုက်ဆံရရင်အကုန်လုပ်မှာပဲ။ သူကငါတို့နဲ့မှမတူတာ။ သူ့ကိုလည်းကောင်းကောင်းစောင့်ရှောက်မယ်ထင်ပါတယ်"

အာရ်ဝင်းသည်ဆုံးဖြတ်ချက်ချထားပြီးပုံပေါက်၍ "ကောင်းပါပြီ သူ့ကိုပဲဂရုစိုက်လိုက်ပါ့မယ်"

သူတို့လေးယောက်ကိုလိုက်ပို့ပြီးနောက် ဝမ်းနည်းနေဖို့အချိန်မရှိ ကျန်တဲ့ကိုးယောက်ကို Frestech ကုန်သည်ကြီးများအသင်းအတွက် လက်မှတ်ထိုးခိုင်းဖို့ ဆာဘက်စ်ကိုလိုက်ရှာရသည်။

ရှေ့ဆက်လက်ပြီးထိုကိုးယောက်သည်ကုမ္ပဏီလုပ်သားများဖြစ်လာပြီ။ သူတို့အလုပ်သည် မှော်စက်ပေါ်က မှော်အစီအရင်ကိုဆွဲရန်ဖြစ်သည်။

သူတို့သည်ကိုးယောက်ထဲသာဖြစ်သော်လည်း ဘာရွန်ရစ်တိုမှော်အကယ်ဒမီ ကျောင်းသားများထက်အလုပ်ချိန်ပိုများပြီး ဝါရင့်သဘာရင့်များဖြစ်၍ ကျောင်းသားများထက် အလုပ်ပိုတွင်ကျယ်လိမ့်မည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora