စိတ်မချရသောနှလုံးသားများ

114 12 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၄၉ ။ စိတ်မချရသောနှလုံးသားများ

"ရှုယီ ငါ့အတွက်ဘာမှလုပ်ပေးစရာမလိုပါဘူးအဆင်ပြေပါတယ်" စတေးလ်ကပြုံး၍ပြောသည်။

နှစ်ယောက်စလုံးနေ့လယ်စာစားပြီးသွားကြသည်။ စတေးလ်သည် မှော်တာဝါသို့သွားရန်စီစဥ်ထားပြီး ရှုယီကားတစုံတစ်ခုဆွေးနွေးဖို့ မှော်ပညာရှင်ကြီး ကမ်မီလာနဲ့တွေ့ချင်လေသည်။ ထို့ကြောင့် ဆရာကြီးကမ်မီလာ၏ မှော်တာဝါသို့ အတူထွက်လာခဲ့ကြသည်။

"တကယ်ရောအဆင်ပြေရဲ့လား" ရှုယီကမယုံသင်ကာဖြင့်မေးလေသည်။

"မင်းရဲ့မျက်နှာကဒီလောက်ကြည့်မကောင်းဘူးလို့ ဘာလို့ထင်ခဲ့ပါလိမ့်"

"ဒါက.." သူမကခဏစဉ်းစားလိုက်ပြီး "အင်း... ဒီကိစ္စကလူတွေကိုစိတ်မချမ်းသာဖြစ်စေတယ် တွေးတိုင်းရင်နာရတယ်"

"ဒီကောင်အတွက်ဘာခံစားချက်မှမရှိတော့ရင်ပေါ့"

"အင်း သူ့လိုဘာမဟုတ်တဲ့လူအတွက် ခံစားနေရသေးသလိုပဲလို့ပြောချင်တာလား။ ကျွန်မကို အရူးလို့ထင်နေတာလား။ အရင်ကချစ်ခဲ့မိတာသူ့ရဲ့ပင်ကိုသရုပ်ကိုမသိလို့လေ။ သူ့ရဲ့အကြည့်အောက်မှာကျရှုံးခဲ့ရတာကိုး ကျွန်မက တော်တော်အားပျော့ခဲ့တာပဲ။ ဟုတ်တယ် စဉ်းစားကြည့်ရင် အဲဒီတုန်းက တော်တော်တုံးတာပဲ"

ရှုယီကရယ်၍ "အင်း တခါမှားတာကတော့ တုံးအလို့မဟုတ်ပါဘူး။ နောက်ဆိုအပြင်ပုံစံကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာသိသွားတာပေါ့။ သူတို့နှလုံးသားကပိုအရေးကြီးတယ်လေ ငါ့လို အပြင်ရောအတွင်းရော ဖြူစင်တဲ့လူကတော့ တော်တော်ရှားတာပေါ့"

သူမကစွေကြည့်လိုက်ပြီး "နည်းနည်းလောက်နိမ့်ချပြောလို့မရဘူးလားရှင် ကျွန်မစားထားသမျှတွေအန်ထွက်မိမှာစိုးလို့"

"ငါကအမှန်ပြောနေတာလေ မယုံရင်တော့ မင်းကဘာမှမသိသေးတဲ့ကလေးပေါ့။ တားလိုက်ပါ၊ ငါ့လိုလူက ကောင်းကင်ကလလိုပဲ။ လုံးဝဖုံးကွယ်လို့မရအောင် တနေ့မြင်လာမှာပါ။ အဲဒါကို မြင်တတ်တဲ့လူတော့ ရှိအုံးမှာပါ"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt