စားပွဲတင်ပန်ကာတစ်လုံးလောက်ရှိရင် အရမ်းကောင်းမှာပဲ

441 48 0
                                    

[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၀၀၂ ။ စားပွဲတင်ပန်ကာတစ်လုံးလောက်ရှိရင် အရမ်းကောင်းမှာပဲ

“ပူတယ် အရမ်းကိုပူလွန်းတယ်။”

အခန်းတစ်လျှောက် ကျယ်လောင်လှသည့် ငြီးတွားသံကြီး ရုတ်တရက်ထွက်ပေါ်လာကာ ချက်ချင်းဆိုသလို ပဲ့တင်သံထပ်သွားတော့သည်။

“ဟုတ်တယ်၊ ဘာကြောင့်အရမ်းကိုပူနေရတာလဲကွာ။ လူတွေကို အသေသတ်နေသလိုပဲ။”

“ဟုတ်ပါ့ ငါဆိုအဝတ်တွေအကုန်လုံးချွတ်ချပစ်ချင်တော့တယ်။”

“ဘာကွ ရမ် မင်းရူးနေလား၊ ဒီမှာမိန်းကလေးတွေရှိနေတယ်လေ။”

“ချဲယ်နဲ့ ဝယ်လာတို့ကိုမိန်းကလေးလို့သဘောလားသေးတယ်လား။”

လုပ်ဖော်ကိုင်ဖက်တွေရဲ့ငြီးတွားသံတွေကို ကြားလိုက်ရသဖြင့် ရှုယီ တစ်ချက်လှမ်းကြည့်လိုက်သည်။ သူချွေးတွေကို သူ့ရဲ့ အင်္ကျီလက်ဖြင့် သုတ်ပစ်လိုက်သည်။

တကယ်ကြီးကို ပူပြင်းနေတာပါ။

အချိန်တွေကုန်လို့ကုန်မှန်းမသိ။ သူ ကမ်မီလာမှော်မျှော်စင်တွင် အလုပ်လုပ်လာခဲ့တာ တစ်လတောင်ရှိခဲ့ပြီ။

ဒီလအတွင်းတွင် သူသည် မဟာမှော်ပညာရှင် ကမ်မီလာရဲ့လက်အောက်ကနေ မှော်ပညာသုတေသနလေ့လာရာမှာ တောက်တိုမည်ရသာလုပ်ကိုင်နေခဲ့ရပြီး မည်သည့်အရာကိုမှ ထဲထဲဝင်ဝင်လုပ်ဆောင်ရတာမျိုးမရှိခဲ့။

ရှုယီအနေနဲ့တော့ မထူးဆန်းတော့ပေ။ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာအတွေ့အကြုံရှိခဲ့သည့် သူ့လိုလူမျိုးအတွက်တော့ ရှင်းရှင်းလင်းလင်းသိထားတဲ့အမှန်တရားက လူသစ်တွေအတွက် ဘက်ပေါင်းစုံလုပ်ကိုင်နေရာမှာ ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်ရတယ်ဆိုတာကိုပေါ့။

သူ့ရဲ့မှော်ပညာအစွမ်းထူးချွန်နေလို့မဟုတ်ဘဲ သူ့ရဲ့အင်တာဗျူးအောင်ခဲ့တဲ့အကြောင်းကို လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြား ပျံ့နှံ့သိရှိသွားခဲ့သည်။ အခုလက်ရှိမှာတော့ စတေးလ်မမလေးကြောင့်သာ အလုပ်ရခဲ့ခြင်းဖြစ်သဖြင့် အချို့အလုပ်သမားများက သူ့ကိုအထင်အမြင်သေးနေကြသည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant