ဗီဗီယန်၏အစွမ်းအစ

117 11 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၆၅ ။ ဗီဗီယန်၏အစွမ်းအစ

ကောင့်ထ်စီယန်နဲ့ညှိနှိုင်းရင်း အချိန်တွေကုန်သွားသည်။ သူအိမ်ပြန်ရောက်သော် သန်းခေါင်ကျော်သွား၍ လသည်ခေါင်းပေါ်တည့်တည့်ရောက်နေပြီ။အိမ်တံခါးဖွင့်သော် ခါတိုင်းလို ဗီဗီယန်ကိုမတွေ့ရပေ။ အိမ်တခုလုံးသည် မဲမှောင်တိတ်ဆိတ်နေသည်။

"အင်းမစောင့်နိုင်လို့ အိပ်ယာဝင်သွားတာနေမှာပါ"

ဖိနပ်ချွတ်၍အခန်းထဲဝင်လာခဲ့သည်။ သို့သော် ဧည့်ခန်းထဲကစားပွဲပေါ်တွင် တယောက်ယောက်လဲလျောင်းနေသည်ကိုတွေ့သော် အံ့သြသွားသည်။

လရောင်မှတဆင့်ကြည့်သော် ဗီဗီယန် မဟုတ်လျှင်မည်သူနည်း။ စားပွဲပေါ်က ဟင်းပွဲများသည်လည်း နဂိုအတိုင်းပင် လက်ရာမပျက်။ ညစာပြင်ဆင်ထားပြီးစောင့်ရင်းအိပ်ပျော်သွားသည်လား။

သူမ၏မျက်နှာကလေးကိုကြည့်၍ သူ့ရင်ထဲသနားစိတ်ဖြစ်လာမိသည်။ မြို့တော်ဝန်အိမ်သို့သွားရန် ဗစ်ကောင့်ထ်လက်စ်လိုင်းကရုတ်တရက်ပြောလာ၍ သူမကိုအကြောင်းမကြားမိပဲ ထွက်လာခဲ့ရ၍ ထိုသို့ တညလုံးစောင့်စားနေခဲ့ရသည်။

"ထုတ်ကုန်ရှင်းလင်းဖို့ကိစ္စ သူတို့နဲ့ဆွေးနွေးရင်း သူ(မ)ကို ငါမေ့သွားတယ်။" ခေါင်းသာတွင်တွင်ခါရင်း သူမကိုပွေ့ချီဖို့ ခါးကုန်းလိုက်လေသည်။

သူခေါ်ခဲ့တုန်းကပိန်သလောက် ခုလည်းအနည်းငယ်ပိန်သော်လည်း အတော်လေး လေးလာသည်။

အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရမည်အရွယ်ဖြစ်၍လည်းကောင်း ဗစ်ကောင့်ထ်လက်စ်လိုင်း လက်အောက်မှာနေရသည်ထက် ပိုလွတ်လပ်သောကြောင်းလည်းကောင်း ထိုသို့ လျင်မြန်စွာပြည့်ဝလာခဲ့ခြင်းပင်။

ခန္ဓာကိုယ်အပြင် အခြားအစိပ်အပိုင်းများလည်း ဖွံ့ဖြိုးလာသည်။ သူမကိုပွေ့ချီစဉ် တချို့သော အစိပ်အပိုင်းများကြောင့် စိတ်ဂနာမငြိမ်ဖြစ်ရသည်။

သူသည်ဆယ်ကျော်သက်အရွယ်မဟုတ်သောကြောင့်သာတော်သေးသည်။ သူတောင်းဆိုလျှင် သူမငြင်းပယ်မည်မဟုတ်သည်ကိုသိသော်လည်း အခန်းထဲတွင်အိပ်စက်အနားယူစေခဲ့သည်။ ထို့နောက် ဧည့်ခန်းသို့ရောက်သော် ဖယောင်းတိုင်ကိုထွန်းလိုက်သည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now