[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၃ ။ လုပ်ဖော်ကိုင်ဖက်“ခမာမြို့ဟုတ်လား။” ဗစ်ကောင့်ထ် လက်စ်လိုင်းသည် ရုတ်တရက် အံ့ဩစွာပြောလိုက်သည်။ “တခြားမြို့မှာရောင်းနေရလိမ့်မယ်လို့ထင်မထားခဲ့ဘူး။ တယ်ဟုတ်ပါလား။”
ရှုယီကရယ်၍ “အတိအကျပြောရရင် သွားရောင်းတာတော့မဟုတ်ပါဘူး။ သူတို့ကလာကြတာပါ။”
“အိုး ဘာကိုဆိုလိုတာလဲ။”
“အရှင်ပြောတဲ့အတိုင်းပေါ့။ ဒီမြို့ကလူဦးရေနည်းတော့ ထုတ်သမျှရောင်းကုန်မှာမဟုတ်ဘူး။ ဒီတော့ ဒီမြို့ကဖောက်ပြီး တခြားနေရာတွေမှာသွားပြီး ကြော်ငြာရတာပေါ့။ စောစောကတော့မလုပ်ခဲ့ပါဘူး အချိန်မှမကျသေးဘဲ။”
“ဘာလို့အချိန်မကျသေးတာလဲ။ လူတွေက ဝယ်ချင်တာကို ခင်ဗျားက မရောင်းချင်သေးတာလား။”
“အဲ့လိုလည်းမဟုတ်ပါဘူး။ ရေရှည်စီမံကိန်းနဲ့ဆိုင်ပါတယ်။”
ထို့နောက် သူ၏အအေးခွက်ကိုချ၍ အားလုံးကိုရှင်းပြလေသည်။
ခဏစကားပြောကြပြီးသော် ဗစ်ကောင့်ထ် လက်စ်လိုင်းနဲ့ပတ်သက်ပြီး သူ့အမြင်သည် လုံးဝပြောင်းလဲသွားခဲ့လေပြီ။ သူသည် အခြားသူဌေးသားများကဲ့သို့ ပေါ့ပေါ့နေပေါ့ပေါ့စားမဟုတ်။ ကိုယ်ပိုင်စိတ်ကူး ကိုယ်ပိုင်အတွေးအခေါ်ရှိသည်။ ထို့ကြောင့် ရှေ့ဆက်၍ဆက်ဆံရေးပြေပြစ်လိမ့်မည်ဟုထင်လေသည်။
“အပြင်ပန်းကြည့်မယ်ဆိုရင်တော့ စျေးကွက်ထဲဖြန့်ဖြူးနိုင်မယ်ဆိုရင် တိုးတက်မှုအလားအလာရှိတယ်။ ဒါပေမဲ့ ဒီကိစ္စကိုအလျင်စလိုလုပ်လို့တော့မရဘူး။ ရောင်းအားကောင်းတာနဲ့ ထုတ်လုပ်မှုကိုလည်းတိုးမြှင့်ရမှာ။ အဲ့လိုမဟုတ်ရင် မှာသမျှလက်ခံနိုင်မှာမဟုတ်ဘူး။ နာမည်ပျက်ဖို့ပဲရှိတော့တာ။ နောက်ဆိုအခြေပျက်ပြီး တိုးတက်မှုကိုဟန့်တားစေလိမ့်မယ်။”ဗစ်ကောင့်ထ် လက်စ်လိုင်းက ခဏစဉ်းစားလိုက်ပြီး ထပ်မေးပြန်သည်။ “ဒီလိုဆို ဘာကြောင့်ကုန်ထုတ်ကိုမတိုးမြှင့်နိုင်ရမှာလဲ။ လူအင်အားမရှိလို့လား။ ဘရူနိုင်း ပြောတာတော့ ရစ်တိုမှော်အကယ်ဒမီကျောင်းက ကျောင်းသားသုံးဆယ်ပဲခေါ်ထားတာဆို။ လိုသလောက်မထုတ်လုပ်နိုင်ဘူးပေါ့။ စောစောကပြောတာ တစ်ရက်ကိုတစ်ရာ့ငါးဆယ်ထုတ်နိုင်တယ်ဆိုတော့ လူအင်အားထပ်ဖြည့်လိုက်ရင် နှစ်ရာလောက်တော့ထုတ်နိုင်မယ်မဟုတ်လား။”
YOU ARE READING
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasyMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team