ဗီဗီယန်

215 34 0
                                    

[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၀ ။ ဗီဗီယန်

“ဒါက ….” ရှုယီ မတတ်နိုင်တော့ပဲ ခေါင်းသာကုပ်နေပြီး သူ တကယ်ကို နမော်နမဲ့နိုင်သွားခဲ့သည်။

နောက်တစ်ခါထပ်ပြောရင် ရှုယီကို သည်အတွက်ကြောင့် အပြစ်ဆိုလို့မရပေ။ သူက အရင်ကမ္ဘာမှာလဲ မိန်းကလေးများနှင့်် ထိတွေ့ဆက်ဆံမှုနည်းပါးခဲ့ပြီး သည်အချက်တွေပါထည့်တွက်သည့်အခါ သူက သူရဲ့အချိန်အများစုကို ရေခဲစက်များနှင့်အချက်အလက်တွေနှင့်သာကုန်ဆုံးစေခဲ့ပြီး သူက သည်အပိုင်းအတော်ကို ထုံအတဲ့သူပါ။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအစေခံငယ်လေးက ပိန်ပါးသည့် အသွင်သဏ္ဌာန်ရှိပြီး သူ(မ)က ကောင်းကောင်းကြီးပြင်းလာခဲ့ရသည်မဟုတ်သောကြောင့် မိန်းကလေးတစ်ယောက်အသွင်အပြင်မျိုး လုံးဝကိုရှိမနေခဲ့ပါ။

အကယ်၍သာ ထူးခြားသည့်အခြေအနမျိုးမရှိခဲ့ပါက ရှုယီအနေဖြင့် ဒါကို ဘယ်တော့မှတွေးမိမှာ မဟုတ်ပေ။

ကသိကအောက်ဖြစ်နေသည့် ရှုယီ မျက်နှာကိုကြည့်ရင်း စတေးလ် ပြုံးလိုက်သည်။

“ရှုယီ  ဒီကောင်မလေးကို နင်အိမ်ထဲမှာတွေ့လိုက်ရတုန်းက ငါထင်တာက နင်လည်း ထူးထူးခြားအထိအတွေ့မျိုးကို နှစ်သက်သည့် အချို့မင်းမျိုးနွယ်တွေနဲ့အတူတူပဲလို့။ ဒါပေမယ့် အခုကြည့်လိုက်တော့လဲ၊ ငါနင့်ကို အထင်မှတ်မှားသွားတာပဲ”

ရှုယီ မနေနိုင်တော့ပဲ သူ့မျက်လုံးတွေကို ပင့်တင်လိုက်သည်။

ဘာလဲ၊ ထူးထူးခြားခြားဝါသနာက? ဟုတ်ပါပြီ သူက ဒါမျိုးကိုစိတ်ဝင်စားအုံးတော့ ဒီကလေးက သူ့ကိုစိတ်ဝင်စားလာစေပါ့မလား ပဲပေါက်လောက်ပဲရှိတာလေးကို။

“ငါအကြောင်းပဲပြောမနေပါနဲ့တော့၊ မင်းအကြောင်းကိုပြောရအောင် အရင်ဆုံးနင်ဘာလို့ငါအိမ်ကိုလာခဲ့တာလဲဆိုတာ ပြောပါဦး” ရှုယီ ရုတ်တရက်ပြန်မေးလိုက်သည် “ငါနေတဲ့နေရာကို နင်ဘယ်လိုလုပ်သိတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုနှာဘူးကောင်လို့ ခံစားမိရင် နင်ဘာလို့ဒီမှာဆက်နေနေသေးတာလဲ။ အဲ့ဒီအပြင် ဘာလို့ငါ့အတွက် ထမင်းဟင်းချက်ပေးနေတာလဲ”

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now