အခန်း ၀၇၇ ။ ကျွန်များကိုလွှဲပြောင်းပေးခြင်း

75 8 0
                                    

မှော်စက်မှုအင်ပါယာ


အခန်း ၀၇၇ ။ ကျွန်များကိုလွှဲပြောင်းပေးခြင်း


"ရှုယီ မင်းတကယ်ကြီးပဲ အဲ့ဒီးပျင်းစရာကောင်းတဲ့မိတ်ဆုံစားပွဲကိုသွားမှာလား" ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီကိုမျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်နေသည့်ပုံစံဖြင့် "အဲ့ဒီမိတ်ဆွေတွေက စိတ်ကောင်းရှိလို့မင်းကို ဖိတ်လိုက်တယ်ထင်လား။ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ကောင်းကောင်းတိုးတက်လာပေမဲ့ ကုမ္ပဏီကြီးဖြစ်လာဖို့က အတော်ကိုလိုနေသေးတယ်လေ။ အဲ့ဒီလူတွေက မင်းကိုသိမ်းသွင်းဖို့ကြိုးစားနေကြတာ၊ မင်းဆီက နည်းပညာကိုပဲသူတို့က လိုချင်နေကြတာ"

"အရှင်ဗစ်ကောင့်ထ် ၊ အရှင်က Frestech ကုန်သည်ကြီးများအသင်းမှာ ရှယ်ယာ (၃၀)ရာခိုင်နှုန်းပိုင်ဆိုင်ထားတာပါ၊ ဒါကြောင့်မို့ Frestech ကုန်သည်ကြီးများအသင်းက အရှင်ရဲ့ဟာပဲမဟုတ်ဘူးလား အဲ့ထာထက် ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းပဲလေ။" ဟု၍ ရှုယီက ခပ်ရေးရေးပြုံးပြီးပြောလိုက်သည်။

"ကောင်းပါပြီ၊ ဒါက ငါတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဖြစ်နေလို့ ငါက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပိုပြီးတောင်ပြောခွင့်ရှိတယ်မဟုတ်လား။ ငါမင်းကို ရှင်းရှင်းပဲပြောမယ် မိတ်ဆုံစားပွဲသွားတာကို ငါ ကန့်ကွက်တယ်။ ပြီးတော့ မင်းအဲ့ဒီမြေခွေးအိုကြီးတွေနဲ့ အတူရှိနေမှာကို ငါဆန့်ကျင်မှာပဲ။" ဗစ်ကောင့်ထ်လက်စ်လိုင်းက အတည်ကြီးပြောခဲ့သည် "ငါက ကြွားဝါပြီးမပြောချင်ပေမဲ့လည်း ဒီဘန်တာမြို့မှာ ငါ အရှင်ဗစ်ကောင့်ထ်က အတော်လေးလွှမ်းမိုးမှုရှိတယ်ဆိုတာ မင်းဝန်ခံရလိမ့်မယ်။ မင်းက ကိုယ်သေတွင်းကိုယ်မတူးသရွေ့တော့ ငါကတိပေးတယ်။ Frestech ကုန်သည်ကြီးများအသင်းက ဘေးကင်းကင်းနဲ့တိုးတက်နေလို့ရတယ်။ မင်း အဲ့ဒီလူတွေကို လုံးဝကိုဂရုစိုက်နေစရာမလိုဘူး၊ မင်းလုပ်ဖို့လိုတာက မှော်စက်ပစ္စည်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ကိုင်ဖို့ပဲ၊ ဘာကြောင့်များ မင်းက သူတို့ကို ဂရုစိုက်စရာလိုလို့လဲ?"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora