အစမ်းသပ်ခံစက်

235 33 0
                                    

[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၅ ။ အစမ်းသပ်ခံစက်

မျက်စိတစ်မှိတ်အတွင်းတွင် သြဂုတ်လရောက်လာ၍ နွေဦးအလယ်သို့ခြေလှမ်းလာလေပြီ။

ရာသီဥတုကပိုပူလာ၍ နေထွက်သည်နှင့်စက်ရုံသည် ပေါင်းအိုးကြီးကဲ့သို့ ခံစားရ၏။ ကျောင်းသားများအားလုံးသည် ချွေးတလုံးလုံးဖြင့် အလုပ်လုပ်ကြရသည်။

မှော်ပန်ကာ သုံးသော်လည်း အေးမြမှုမရနိုင်တော့။

“ဆရာ ဒုချုပ်ရေ  ဒီနေရာမှာဧရာမ ရေခဲမှော်အစီအရင် တပ်ဖို့ ဥက္ကဌကြီးကို ပြောပေးလို့မရဘူးလားဗျ။” အိုရင်းသည် နှဖူးပေါ်မှချွေးပေါက်တို့ကိုသုတ်၍ ငြီးတွားလိုက်သည်။

သူသည် မျိုးရိုးမြင့်မြတ်သောမိသားစုတွင် ကောင်းကောင်းနေထိုင်ခဲ့ရသဖြင့် ဤမျှပူလောင်မှုကိုမခံစားနိုင်ပေ။

“အိုရင်းရေ မင်းကဆွေကြီးမျိုးကြီးကလာတာဆိုတော့ ရေခဲမှော်အစီအရင်ကိုတပ်ဆင်ရင် ဘယ်လောက်ကုန်မလဲသိမှာ‌ပေါ့။” ဟိန့်ဇ် ဆက်မပြောလိုက်ရ။ ကြားထဲကအခြားကျောင်းသားတစ်ယောက်က ဝင်ပြောလေသည်။ “ငါတို့ရှာနိုင်တာတစ်လမှနည်းနည်းနဲ့ ငါတို့အယောက်သုံးဆယ်လုံးစုလိုက်ရင်တောင် ကုန်ကျစရိတ်ကိုကာမိမှာမဟုတ်သေးဘူး။ ဥက္ကဌကြီးက ငါတို့အတွက် တပ်ပေးမယ်များ မင်းကထင်နေတာလား။”

“ငါသိသားပဲ။ ဒါပေမဲ့ ငါတို့ပြောကြည့်ရမှာပေါ့။” အခြားကျောင်းသားများပြောသည်ကိုဂရုမစိုက်။ သူသည် မှော်အစီအရင်ကို မြှင့်တင်‌ပေးမှုကြောင့် ဆုရထား၍ တစ်ချိန်လုံးပျော်နေပြီး ဘာမဆိုယုံကြည်မှုရှိလာသည်။

“အားလုံးမစိုးရိမ်ပါနဲ့။ ငါအတတ်နိုင်ဆုံးကြိုးစားကြည့်ဦးမယ်။ သူလည်း ဒီအခက်အခဲကို ကိုယ်ချင်းစာမိပြီး တစ်ခုခုတော့လုပ်မှာပါ။”

မှော်ပန်ကာကို နေ့စဉ်ရက်ဆက်ရောင်းနေရ၍ ဝင်ငွေတိုးလာသည်မှာအမှန်ဖြစ်၍ မှော်အစီအရင်ကို ထပ်ဆင်ဖို့ကောင်းလေသည်။

ထိုကျောင်းသားတို့သည် ထုတ်လုပ်ရေးပိုင်းတွင် အဓိကအစိတ်အပိုင်းအနေဖြင့် ပါဝင်နေ၍ ပူလောင်မှုကြောင့် သူတို့လုပ်ဆောင်မှုကို ကျဆင်းသွားစေနိုင်သည်။ ဟိန့်ဇ်သည် မန်နေဂျာတစ်ယောက်အနေဖြင့် ၎င်းပြဿနာကိုစဉ်းစားပေးရတော့မည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant