လယ်ယာသုံးစက်ပစ္စည်း

114 13 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၃၉ ။ လယ်ယာသုံးစက်ပစ္စည်း

ညသန်းခေါင်မှပင် ပါတီပွဲကပြီးတော့သည်။ ဧည့်သည်များပြန်သွားသော် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက် ကျန်ခဲ့လေတော့သည်။

ရှုပ်ပွကျန်ခဲ့သော ဟောခန်းထဲတွင် သုံးယောက်သာကျန်ခဲ့သည်။ စတေးလ်နှင့်စကားပြောနေသော ရှုယီကို ဗစ်ကောင့်ထ်လက်စ်လိုင်းက တစိုက်မတ်မတ်ကြည့်နေသည်။ သူ့မျက်နှာတွင် အားကျလေးစားမှုတို့ ပေါ်လွင်နေသည်။

ထင်ထားသည့်အတိုင်းပင် ထိုပါတီပွဲကို ရှုယီ၏တိုက်တွန်းမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဓိကပစ်မှတ်သည် သူထွင်လိုက်သော မှော်လေအေးပေးစက်ကိုရောင်းရန်အတွက်ဖြစ်သည်။

ထိုစက်ကို အဆင့်မြင့်အဖြစ်သတ်မှတ်ထား၍ ပစ်မှတ်သည် ဂုဏ်သရေရှိအထက်တန်းလွှာတို့သာဖြစ်သည်။

ညစာစားပွဲတွင် ဗစ်ကောင့်ထ်လက်စ်လိုင်း၏ ဝင်ရောက်ကြော်ညာပေးမှုကြောင့်လည်း ခရီးရောက်ခဲ့လေသည်။

ရှုယီ မေတ္တာရပ်ခံခဲ့သည်က ပွဲကျင်းပဖို့ရန်သာဖြစ်၍ ထိုရည်ရွယ်ချက်ကိုမသိခဲ့ပေ။ ယခုတော့ ဒီယုန်မြင်လို့ ဒီခြံထွင်သည်ကို မျက်မြင်တွေ့သွားလေပြီ။

အဘယ်ကြောင့်ဆိုသော် အချို့သောဧည့်သည်များသည် သူနှင့်စကားပြောနေစဉ်တွင် ထိုလေအေးစက်အကြောင်းကို ထည့်ပြောကြသည်။ စျေးနှုန်းနှင့်ထည့်ရမည့်ကုန်ကျစရိတ်ကိုသိသော် ငြင်းမည့်သူမရှိဝယ်ကြသည်။

မြို့တော်ဝန်အရှင်စီယန်ဆာမော့ပင်အားပေးသွားသည်။ ထို့ကြောင့် ထိုစက်သည် မြို့ထဲတွင်ဟိုးလေးတကျော်ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားစေသောသူသည် ဗစ်ကောင့်ထ်လက်စ်လိုင်းကြောင့်သာဖြစ်မည်ဟု သူတို့မြင်ကြလိမ့်မည်။

ရှုယီက ထို့သို့ တွက်ချက်ပြီးသားဆိုသည်ကိုသိသော် သူတို့ဘယ်လိုထင်မလဲ။

ထိုအချိန် ရှုယီသည် စတေးလ်နှင့်စကားပြောပြီး၍ လှည့်ထွက်လာသည်။

"အရှင် ဗစ်ကောင့်ထ် ဒီညပါတီကတော့ လုံးဝကိုမှန်းချက်နဲ့နှမ်းထွက်ကိုက်ရော။ အဲ့ဒီအတွက် အရှင့်ကိုကျေးဇူးတင်ရမှာပဲ။"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora