ထူးဆန်းသောဥက္ကဌ ရှုယီ

119 15 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၄၀ ။ ထူးဆန်းသောဥက္ကဌ ရှုယီ

မြင်းလှည်းတစ်စီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဘန်တာမြို့သို့ ချဥ်းကပ်လာသည်။

ရုတ်တစ်ရက် ပြတင်းပေါက်ပွင့်လာ၍ မျက်နှာဝိုင်းဝိုင်းကောင်မလေးတစ်ယောက်ပေါ်လာပြီး အော်ပြောလိုက်သည် "အိုး.....ကြည့်ပါဦး..... ဘန်တာမြို့ကို ရောက်လုနီးနေပြီ။"

‌နောက်ကောင်မလေးတစ်ယောက်ပေါ်လာပြီး မြို့ဆီသို့လှမ်းကြည့်လိုက်သည်။ သို့သော် သူအကြည့်က တစ်နေရာပင်။

"ဟိုဟာက ဘာလဲ။" အဆောက်အဦးမြင့်တစ်ခုကိုလက်ညှိုးထိုး၍ မေးလိုက်သည်။

မြို့နံရံကို ဖောက်ထွက်၍ မြင်နေရခြင်းဖြစ်သည်။

လမ်းကိုမျက်နှာမူနေသောဘက်တွင် တစ်စုံတစ်ခုဆွဲထားသည်ကို တွေ့ရသည်။ အစပိုင်းတွင် သေချာမမြင်ရပေ။ သို့သော် မြင်းလှည်းကပ်လာသည်နှင့် အရှိန်ပြင်းစွာဖြင့် ဘယ်ညာလည်နေသော သံတိုင်ကြီးတစ်ခုဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ပုံရိပ်တို့သည် ဝေဝါးနေသည်။ အထဲတွင်ဘာရှိမှန်းသူတို့မသိပေ။

"အဲ့ဒါ မှော်ပန်ကာ လား။"

"အင်း ဟုတ်လောက်တယ်၊ ကြည့်ပါဦး လေပြင်းတိုက်နေတယ်။"

"အင်း ဟုတ်တယ်၊ ဟိုဟာ စတေးလ် မဟုတ်လား။"

"စတေးလ် ဟုတ်လား ဘယ်မှာလဲ။" ညာဘက်ယွင်းယွင်းတွင် ‌ရွှေရောင်ဆံပင်နှင့်မိန်းမချောလေးတစ်ယောက်ကိုမြင်လေသည်။

ဘေးတိုက်မှမြင်ရသော်လည်း ‌ရွှေရောင်ဆံပင် အသားအရည် လွင့်ပျံ့နေသော အဝတ်အစားတို့ကြောင့် မြင်ရသူအပေါင်း မျက်လုံးမှမခွာနိုင် ဖြစ်ကြရသည်။

"ဟုတ်ပ စတေးလ် ပဲ။"

"မှော်ပန်ကာနဲ့ဆက်စပ်မှာပဲ။ ကြည့် ဆိုင်းဘုတ်ပေါ်မှာနာမည် အင်းဘာတဲ့..."

"နွေခေါင်ခေါင်မှာ အေးမြမှုပေးမဲ့ Frestech ဘရန်း မှော်ပန်ကာတဲ့ ဘာပြောချင်တာလဲ။"

"မသိဘူးလေ။ တလောကပဲ စတေးလ် ပြောဖူးတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုလား။ ဒါက သူ့ကိုကိုယ်စားပြုတာနေမှာပေါ့။"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang