[Unicode]
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၅ ။ လူတိုင်းမှာရည်ရွယ်ချက်တွေရှိကြတယ်“ကြည့်လိုက်ပါဦး၊ ဒီမှော်အစီအရင်(၂)ခုက ဝေးကွာနေလို့မရဘူး။ ဒီနည်းလမ်းကသာ မှော်အစီအရင်(၂)ခုက ဒီအဖုငယ်လေးမှာ အတူတူအလုပ်လုပ်နိုင်ပြီး တစ်ခုနှင့်တစ်ခုမထိခိုက်တော့မှာလေ။”
“နင်ဒီဟာကို အာရုံစိုက်သင့်တယ်၊ ဆော့ကတ်ပေါက်တိုင်းကို နင်သေချာကြည့်သင့်တယ်။ ဒီနေရာမှာ အမှားတစ်ခုလေးတောင်လုပ်လို့မရဘူး။ တစ်နည်းအားဖြင့်ပြောရရင် ဒီစပလိန်လေးက ညှပ်သွားပြီး စန္ဒယားကိုစဖွင့်လိုက်ချိန်မှာ အဲ့ဒါက အလုပ်ဖြစ်တော့မှာမဟုတ်ဘူး။”
“ဒါနဲ့ မင်းဘာ သီချင်းထည့်ဖို့ ဆုံးဖြတ်ထားလဲ။ မတူညီတဲ့သီချင်းတွေမှာ ကွဲပြားတဲ့သံစဉ်ကီးတွေရှိနေတယ်လေ၊ ဒါကြောင့် မှော်အစီအရင်တွေကလည်း ကွဲပြားနေမှာ၊ အဲ့ဒါကို ကြိုတင်ပြီး တပ်ဆင်ထားဖို့လိုတယ်။”
“မဟုတ်၊ မဟုတ်ဘူး နင်ဒီလိုလုပ်လို့မရဘူး။ ဒီပုံစံငယ်တစ်ခုလုံးကို ဖျက်ဆီးသွားမိလိမ့်မယ်....”
ကမ်မီလာမှော်မျှော်စင်မှာ အလုပ်တွေပြီးစီးသွားပြီးနောက် တိတ်ဆိတ်နေလေသည်။ သို့သော် ရှုယီ၏အသံသည် သူအလုပ်လုပ်ရာဓာတ်ခွဲခန်းထဲမှ ထွက်လာနေဆဲပင်။
သူ့ရဲ့ သဘောတူညီမှုအတိုင်း လုပ်ဆောင်ပေးနေတာဖြစ်ပြီး အလုပ်ပြီးသည့်အချိန်မှာ စတေးလ်ကို စန္ဒယားပုံစံငယ်ပြုလုပ်နည်း သင်ပြပေးနေခြင်းဖြစ်သည်။
စတေးလ်၏မှော်ပညာအရည်အချင်းသည် ကောလဟာလတွေပြောသလို တော်နေသည်ကိုတွေ့ရသည်။ ရှုယီအနေဖြင့် လေမှော်အစီအရင် (၂) ခု၏လုပ်ဆောင်နိုင်မှု နိယာမသဘောတရားတွေကိုသာ သင်ပေးရန်လိုအပ်ပြီး သူမအနေဖြင့် လွယ်ကူစွာ ကော်ပီလုပ်သွားလေသည်။
သို့သော် ပုံစံငယ်၏ဒီဇိုင်းပိုင်းဆိုင်ရာနှင့် ပုံစံငယ်တည်ဆောက်ပုံတို့နှင့်ပတ်သက်လာလျှင် စတေးလ်အနေဖြင့် ရှုယီ၏အညွှန်းအတိုင်းသာလုပ်ဆောင်လေသည်။စတေးလ်သည် ဝီရိယရှိပြီး ပင်ကိုယ်ထက်မြတ်သည့်ဉာဏ်ရည်ရှိသူ ဖြစ်သောကြောင့် ရှုယီအနေဖြင့် အချိန်အများကြီး လဟဿကုန်ခြင်းမရှိတော့ပေ။
ESTÁS LEYENDO
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
FantasíaMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team