ဘန်တာသတင်းစာ

102 14 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၆၂ ။ ဘန်တာသတင်းစာ

"သူ့ကိုကျွန်တော်မကြိုဆိုပါဘူး"ဟိန့်ဇ်ကခံစားချက်အတိုင်းပြောချလိုက်သည်။ "ရှုယီ ဘာလို့များ ကျွန်တော့်ကိုအရင်မပြောတာလဲ။ ခုဆို မှော်ထမင်းအိုးကိုအင်တိုက်အားတိုက်ထုတ်နေတာ ကျွန်တော်ဆိုအားလုံးနစ်မြှုပ်လုပ်နေတာ ခုလိုဖြူဖတ်ဖြူရော် လူငယ်ပေါ်ကျော့ကိုခေါ်လာတော့ ထုတ်လုပ်မှုကိုမထိခိုက်ပေဘူးလား"

ရှုယီလည်းအံ့ဩစွာဖြင့်ကြည့်၍ "မဟုတ်ပါဘူး။ သူ့ကိုဘာမှလုပ်ပေးစရာမလိုဘူး။ သူ့ကိုအထက်တန်းလွှာလိုလည်း သဘောမထားဘဲ ဒီအတိုင်းမရှိသလိုပဲ ထားလိုက်ပါ။"

"လွယ်လွယ်လေးပြောလို့ဘယ်ရမလဲ။ ဘာပဲဖြစ်ဖြစ် သူက အထက်တန်းလွှာကလူလေ၊ သူသာတစ်ခုခုဖြစ်သွားရင် ဒီစက်ရုံကိုမထိခိုက်ပေဘူးလား။ ဘာမှမဖြစ်ရင်တောင် ဒီစက်ရုံထဲမှာ ကိုးရိုးကားယားကြီး ဖြစ်မနေဘူးလား။ ကြည့်ပါဦး၊ ကျွန်တော်တို့ အလုပ်သမားတွေကိုလည်း ဝင်တားနေတယ်။ မှော်အရစ်ဖော်စက်ကို ထိန်းချုပ်ချင်နေတာပဲ"

စက်ကိုစမ်းသပ်ကြည့်ဖို့ လုပ်နေသော ထိုလူငယ်ဆီ နှစ်ယောက်သားမောကြီးပန်းကြီးပြေးလာပြီး ဝင်တားရသည်။

"ဘာရွန်ဟားနက်စ် ဒီစက်ရုံထဲမှာ လျှောက်ပတ်ကြည့်လို့ရပါတယ်. ဒါပေမဲ့ စက်တွေကို မောင်းကြည့်လို့တော့မရဘူး။ ဟုတ်ပြီလား။"

ထိုလူငယ်၏ကျောထောက်နောက်ခံက မသေးကြောင်းကို ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြောပြထား၍ တတ်နိုင်သမျှ လိုက်လျောညီထွေပေါင်းဖို့ ဆုံးဖြတ်ထားသည်။

"ဒီစက်တွေက အရမ်းအန္တရာယ်များတာ၊ သင်မထားဘဲ သုံးရင် ထိခိုက်ဒဏ်ရာရသွားနိုင်တယ်။"

ဘာရွန်ဟားနက်စ်က သိချင်ဇောဖြင့်၊ "မဖြစ်နိုင်ပါဘူး။ ဒီအလုပ်သမားတွေ လုပ်နေကြတာတော့ လွယ်လွယ်လေးပဲကို။"

ဒါက ဘာလို့ဆို သူတို့က ကျွမ်းကျင်နေပြီးသားလေ။ သူတို့လည်း စလုပ်တုန်းကဆို လက်မောင်းကျိုးသွားတဲ့လူတောင် ရှိသေးတယ်။" ထို့သို့ပြော၍ အလုပ်သမားထုကြီးကို လှမ်းကြည့်လိုက်သည်။

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now