မင်းသာ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ယောက်ဆိုရင်

97 13 0
                                    

မှော်စက်မှုအင်ပါယာအခန်း ၀၆၈ ။ မင်းသာ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ယောက်ဆိုရင်

ရှုယီ အနည်းငယ်အံ့သြသွားသည်။ ဆရာကြီးကသူ့ဆီကရွှေဒင်္ဂါးဆုရသည်မှစ၍ သူ့စိတ်ကအရင်ကထက်ပိုကောင်းလာသည်။ တခါတလေစနောက်သည်ပင်ရှိလာသည်။

"သတင်းဆိုးပဲ အရင်နားထောင်ပါမယ်။ အကောင်းတွေကို နောက်မှာချန်ထားတာကြိုက်တယ်။"

"ဒါကောင်းတဲ့အကျင့်မဟုတ်ဘူး။ ကောင်းတာတွေသာကြာနေမယ်ဆိုရင် တခြားလူဦးသွားမှာပေါ့။ ဒါပေမဲ့ ကြားချင်သပဆိုရင်လည်း ပြောရတာပေါ့။ ကဲ.. သေချာနားထောင်။ မှော်ပညာရှင်များအဖွဲ့က မင်းတင်ပြတဲ့ မှော်အစီအရင်မူပိုင်ခွင့်ကို ပယ်ချလိုက်တယ်။"

ရှုယီလည်းသက်ပြင်းချ၍ မည်သို့မျှမခံစားရပေ။

"သူတို့က ဘာပြောလဲ?"

"သူတို့ပြောတာတော့ မှော်ပညာရှင်များအဖွဲ့ဆိုတာ မှော်ပညာရှင်တွေစုဖွဲ့ရာတဲ့။ ဒီတော့ မှော်ပညာရှင်တွေအချင်းချင်း လက်တွဲလုပ်ဆောင်တာကိုကြိုက်တယ်တဲ့။ ခုလည်း မှော်အစီအရင်ကိုအတူလုပ်ဆောင်ပြီး မှော်ပညာတိုးတက်မှုကိုလုပ်ချင်တယ်တဲ့။ ဒီတော့ မင်းတင်သွင်းတဲ့အဆိုက သူတို့စံချိန်နဲ့မကိုက်ဘူးဖြစ်နေတယ်။" ဆရာကြီးကစိတ်ရှည်စွာရှင်းပြလေသည်။

"အတူလေ့လာပြီးလုပ်မယ် ဟုတ်လား? ယုံချင်စရာပဲ။ ဒီနယ်မြေကြီးတစ်ခုလုံးမှာ ဘယ်သူကများသီးသန့်မလေ့လာနေတဲ့လူရှိလို့လဲ? သူတို့အောင်မြင်ရင် အတုခိုးလို့မရအောင် ဖုံးကွယ်ထားမယ်။ အခုမှပူးပေါင်းဆောင်ရွက်ရမယ်တဲ့လား။"

ဆရာကြီးသည်စားပွဲကိုလက်ဖြင့်ပုတ်၍ "ရှုယီ အာရုံစိုက်စမ်း မင်းဘာပဲတွေးတွေး သူတို့အဖွဲ့ရဲ့ရည်မှန်းချက်ကတော့အဲဒီတိုင်းပဲ။ ဒီအဆိုကိုငါကတင်သွင်းခဲ့တာ ငြင်းပယ်ခံရတယ် ဒီတော့နောက်ဆက်တွဲလည်းမရှိ‌တော့ဘူး။ မင်းသားတင်သွင်းမယ်ဆိုရင် ငြင်းပယ်ခံရတဲ့အပြင် စာမေးပွဲတောင်ဝင်ခွင့်ရမှာမဟုတ်တော့ဘူး။ အဲဒီအခြေအနေကိုနားလည်လား"

ရှုယီလည်းအံ့ဩသွားကာ "ဆရာကြီးကို ဒီလိုပဲတင်ခိုင်းရုံပါ။ နာမည်ကိုအသုံးချတာမဟုတ်ပါဘူး။"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now