အပိုင်း ၁၀၁-၁၀၄

59 6 0
                                    

မှော်စက်မှုအင်ပါယာ


အခန်း ၁၀၁ ။ ရင်းနှီးမြှုပ်နှံမှု


နောက်တနေ့တွင် ဗစ်ကော့ထ်လက်စ်လိုင်း တယောက် ရုံးခန်းဆီသို့လမ်းလျှောက်လာရာ အခန်းထဲကမြင်ကွင်းကိုမြင်သည်တွင် သူ့မျက်လုံးပင်သူမယုံနိုင်အောင်ဖြစ်သွားရသည်။ သူမမျှော်လင့်ထားသော အခြားသုံးယောက်ရောက်နဲ့နေသည်။ သူတို့ကား ဗစ်တာ၊ ဆဲလ်နှင့် အာဂေါ့ထ်တို့ဖြစ်သည်။

ပိုအံ့သြစရာကောင်းသည်က ထိုသုံးယောက်သည် ရှုယီနဲ့မိတ်ဆွေ‌ဟောင်းတွေလိုပျော်ပျော်ပါးပါးပြောနေခြင်းပင်။ သူဝင်လာချိန်တွင် ဗစ်တာ ကဟန်ပန်အမူအရာအပြည့်ဖြင့် တခုခုကိုရှင်းပြနေသည်။

"ရွှေဒင်္ဂါးသုံးဆယ်ဟုတ်လား။ ဥက္ကဌကြီး ဒီမြို့ကို ဘန်တာလိုမြို့ငယ်လေးများထင်နေလား။ အိုး နှိမ်တာမဟုတ်ဘူးနော်။ စိတ်မရှိပါနဲ့။ တခုကိုသုံးဆယ်နဲ့ရောင်းမယ်ဆို ဒီမြို့ကသူကြွယ်တွေကိုနှိမ်ရာမကျဘူးလားဗျ။

အဲဒီ မှော်လေအေးပေးစက်ကသာခင်ဗျားပြောသလိုကောင်းနေရင်တော့ သုံးဆယ်မပြောနဲ့ ခြောက်ဆယ်ဆိုရင်တောင်ဝယ်ကြမှာပဲ။ အထက်တန်းလွှာတွေအတွက်ငွေကအရေးကြီးတယ်ထင်နေလို့လား။

သူတို့အတွက်အရေးကြီးတာက ဂုဏ်သိက္ခာပဲ။ ဘန်တာ လိုမြို့ပေါက်စက သူဌေးလေးတွေတောင်သုံးနေကြတာ ဒီမြို့ကြီးကသူကြွယ်တွေကဘာလို့မသုံးရမှာလဲ။ မဟုတ်ဘူးလားဗျာ။

အဲဒီတော့ နှစ်ဆတက်လိုက်ဗျာ။ ငါးဆယ်လောက်သာတင်လိုက် ကိစ္စမရှိဘူး။ " ထိုသို့ပြောပြီးနောက် သူ့ရင်ဘတ်ကိုပုတ်၍ "အဲဒီစျေးနဲ့ဆိုရင်တောင် ရာချီပြီးရောင်းရမယ်လို့ ကျွန်တော်အာမခံတယ်"

ရှုယီက "ရာချီပဲလား။ သခင်လေးဗစ်တာ ရိုင်းတယ်လို့တော့မထင်နဲ့ ခင်ဗျားအမြင်ကျဥ်းနေတယ်ထင်တယ်။ ကိုယ့်အမြင်ကတော့ ဒီမြို့မှာ ထောင်ချီရောင်းရမှာကျိန်းသေတယ်"

"အ.." ဗစ်တာ အံ့သြသွား၍ "ထောင်ချီဟုတ်လား။ ဒါ...ဥက္ကဌကြီး ဒီမြို့မှာက သူကြွယ်တွေပေါပေမယ့် ပြားငါးဆယ်ဆိုတာလည်း နည်းတာတော့မဟုတ်ဘူး။ အဲလောက်ဆိုရင် သိပ်များများဝယ်ကြမှာမဟုတ်ဘူး"

မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)Where stories live. Discover now