မှော်စက်မှုအင်ပါယာအခန်း ၀၇၀ ။ သတ္ထုစပ်အသစ်
"အမှန်တကယ်တော့ ရှုယီ သူက မင်းမျိုးမင်းနွယ်လေ၊ သူတို့က အခွန်ပေးဆောင်ရမှုကို သူတို့ထောက်ပံ့ပြီးကတည်းက စိုက်ပျိုးရေးဌာနကို မျှော်လင့်ချက်ထားတာ၊ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ စိုက်ပျိုးဆိုင်ရာသုံးမှော်စက်ပစ္စည်းများကို သင့်တင့်ဈေးအထိလျှော့ချပေးနိုင်မလား။ အနိမ့်ဆုံးအနေထားအထိပေါ့။ အဲ့ဒါမှာ တိုင်းပြည်မှာရှိသည့် အထက်တန်းလွှာကလူတွေက ဝယ်နိုင်မှာပေါ့။" ဆိုပြီး မြို့တော်ဝန် စီယန်ကထပ်လောင်းပြောခဲ့လိုက်သည်။
"ဒါက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်း လုပ်ပေးသည့်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်း အရှင်မင်းကြီးကိုပြောပေးဖို့ မြို့တော်ဝန်ကိုပဲ တောင်းဆိုရတော့မယ်။။ အရှင်မင်းကြီးကို ကျွန်တော်တို့ကုမ္ပဏီက တောင်သူထောက်ပံ့ဖို့အစီအစဉ်ရှိတယ်ဆိုတာကို ပြောဖြစ်အောင်ပြောပေးပါ။ အဲ့ဒါမှ ကျွန်တော်တို့ကုမ္ပဏီက ဘယ်လောက်များများတာဝန်ယူပေးနိုင်တယ်ဆိုတာကို သူသိရှိနားလည်သွားနိုင်မှာ။" ရှုယီက ပြုံးပြုံးလေးပြန်ပြောလိုက်သည်။
"ဘာလဲ လူမှုရေးတာဝန်ယူမှုဆိုတာ။ ဘာကြောင့်များ အမြဲတမ်းလိုလိုမင်းရဲ့ပါးစပ်ကနေ ထူးဆန်းတဲ့စကားလုံးတွေ ထွက်လာနေရတာလဲ။" မြို့တော်ဝန်စီယန်က ရှုယီကို သိချင်စိတ်ပြင်းပြသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ "တကယ်တော့ ငါလည်း အရှင်မင်းကြီးကို မင်းရဲ့ တောင်သူထောက်ပံ့ရေးအစီအစဉ်ကို လျှောက်တင်ခဲ့ပြီးပါပြီး။ သူက အဲ့ဒါနဲ့ပတ်သတ်ပြီးကောင်းကောင်းကြီးကို ချီးမွမ်းနေတယ်။ မင်းကိုယ်တိုင် နောက်ထပ်ပိုပြီးရှင်းပြပေးတာကိုတောင် လိုချင်နေသေးတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုယ်မင်းပြင်ထားထားသင့်တယ်"
"ကောင်းပါပြီဗျာ ကျွန်တော် အရှင်မင်းကြီးဆီကနေ ဒီနေရာကိုခွင့်ပြုပေးဖို့ သေချာပေါက်ရအောင်လုပ်ပါ့မယ်။ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကတော့ တကယ်လို့သူသာ ဒီအစီအစဉ်ကို တိုင်းပြည်တစ်လျှောက် အကောင်အထည်ဖော်လိုက်ဖို့ပါပဲ" ဆိုပြီး ရှုယီကခေါင်းတစ်ချက်ညိတ်လိုက်ကာပြောခဲ့သည်။
ВЫ ЧИТАЕТЕ
မှော်စက်မှုအင်ပါယာ - ရှုယီ (ဘာသာပြန်)
ФэнтезиMagic Industry Empire Chapter 1200++ (Completed) Author - Eight O'clock At Night Translator - Black Pearl Translation Team