အပိုင်း - ၄ ( ထျဲန်းကျီး )

2.4K 420 17
                                    

အပိုင်း - ၄ ( ထျဲန်းကျီး )

ရုတ်ခြည်းရွာချလိုက်သော မိုးမှာ ရပ်စဲမည့် အရိပ်အယောင် လုံးဝမပြသေး။ ရှီးဝူသွမ်းက နက္ခတ်ကြယ်စင်ဇယားခွင်အား ထိလိုက်သည်၊ သူ၏ ခန္ဓာကိုယ်ကမူ ငြိမ်သက်နေဆဲ။

ငယ်စဥ်ကတည်းပင် ရှီးဝူသွမ်းမှာ အလွန်​ဆိုးသော ဗီဇမျိုးရှိ၏။ လူးလှိမ့်တတ်စအရွယ်တွင်ဆိုလည်း ပုခက်မှ လိမ့်ကျသည့်အထိ လှိမ့်ချသည်။ လေးဘက်သွားတတ်သည့်အရွယ်တွင်ဆိုလည်း အခန်းထဲရှိပစ္စည်းများအား ထိခိုက်ပျက်စီး‌ေစကုန်၏။ ပြေးလွှားတတ်သောအရွယ်တွင်မူ ပိုဆိုးလာကာ ခြေထောက်နှစ်ဖက်ပါသော ကပ်‌ေဘးအန္တရာယ်ကြီး ဖြစ်လာခဲ့ပေသည်။ သူ့ကို ထိန်းနိုင်ဖို့ဆိုလျှင် သူလှုပ်ရှားလိုက်တိုင်း ပေါက်ဖွားလာသည့် အကြံဆိုးဉာဏ်ဆိုးများအား အကောင်အထည်ပေါ်မလာစေရန် သူ့အား တစ်ယောက်ယောက်မှ စက္ကန့်မလပ် တောက်လျှောက်လိုက်ကြည့်ရမည်ဖြစ်သည်။

သို့နှင့် တစ်ခုသောနေ့ဝယ် ထိုကလေးက နက္ခတ်ကြယ်စင်ဇယားခွင်အပေါ် စိတ်ဝင်စားကြောင်း တောက်ဆရာကြီး သတိထားမိခဲ့သည်။

နေရာတကာပတ်မွှေဖို့ ခွန်အားပြည့်နေသောအချိန်မျိုးတွင် နက္ခတ်ဇယားခွင်သာ ရှိနေပါလျှင် လူ့လက်တစ်ဖဝါးစာမျှ သေး‌ငယ်‌ေသာ ဇယားခွင်အသေးစားဖြစ်နေသည့်တိုင် ထိုကလေးအား တစ်မနက်လုံး သို့မဟုတ် တစ်နေ့လယ်လုံး မည်သည့်နေရာမှ မသွားအောင်၊ နေရာအတည်တကျ ငြိမ်ငြိမ်လေးထိုင်နေအောင် ထိန်းထားရန် လုံလောက်ပေသည်။ ထိုဇယားခွင်‌က ကြယ်တာရာများမပါသည့် သစ်သားပြားသာ ဖြစ်နေသည့်တိုင်တောင်မှ။

တောင်ကြားလိုဏ်ဂူထဲဝယ် အသံဗလံများ တိတ်ဆိတ်နေကာ မိုးစက်ရွာသွန်းနေသံများ၊ မီးစွဲနေသောထင်း၏ တကျွတ်ကျွတ်မြည်သံများနှင့် ကောင်လေးတစ်ယောက်က တုတ်လေးတစ်ချောင်းဖြင့် ရွှံ့ပေါ် တစ်စုံတစ်ရာ ရေးခြစ်နေသည့်အသံတို့သာ ရှိသည်။

ရှီးဝူသွမ်းက ဆောင့်ကြောင့်လေး ထိုင်နေလျက်၊ သူ၏ခန္ဓာကိုယ်မှာ မိုးစိုနေဆဲဖြစ်ကာ မိုးစိုထားသော ဆံပင်များက သူ့နောက်ကျောနှင့် ကပ်နေ၏။ သူ၏ နဖူးပြင်ပေါ်တွင် ဆံနွယ်မျှင်အချို့ တွဲကျနေကာ ဘေးနှစ်ဖက်၌ ငြိမ်သက်စွာ ကျဆင်း‌ေနလျက်ရှိသည်။ ခြောက်သွေ့သွားသည့်တိုင် သူ့မျက်နှာပေါ်ရှိ ရွှံ့များမှာ မပြောင်သေးရာ ​တောကြောင်ရိုင်းတစ်ကောင်ပမာ ဖြစ်နေစေ၏။ သို့သော် သူ၏အသွင်ဟန်ပန်မှာ ငြိမ်သက်နေလှပေ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Nơi câu chuyện tồn tại. Hãy khám phá bây giờ