အပိုင်း - ၁၈ ( ယန်ကျန်း )

1.5K 284 3
                                    


အပိုင်း - ၁၈ ( ယန်ကျန်း )

ဘုရင့်ကိုယ်စားလှယ်အမတ်မှာ လွန်ခဲ့သည့်ငါးနှစ်တုန်းက  တောင်ပေါ်မီးအိမ်များ ထွန်းညှိခဲ့သည့်အချိန် ဧကရာဇ်နှင့်အတူ ရှိနေခဲ့သော ယောက်ျားပင်ဖြစ်သည်။ ထိုသူမှာ ပုရောဟိတ်အမတ်မင်းအသစ် ယန်ကျန်းဖြစ်ကာ ကျိုလုတောင်ပေါ် သေဆုံးသွားသော ယန်ဟွိုင်ဖူ၏သား ဖြစ်၏။ အရည်အချင်းအရ သူ၏ဖခင်ထက်ပင် သာလွန်ထူးချွန်သည်ဟု လူအများက တစ်ညီတစ်ညွတ်တည်း ပြောကြပေ၏။

ယန်ကျန်းမှာ လူတစ်ယောက်အား စိုက်ကြည့်နေခဲ့သည်။ ထိုသူမှာ ကျိုလုတောင်၏ ပထမမျိုးဆက်တပည့်များထဲ အဝေးဆုံးနေရာ၌ ထိုင်နေသည့်လူ ဖြစ်၏။

ပုရောဟိတ်အမတ်ကြီးကိုယ်တိုင်ကလည်း ထိုသူ့ကို သူ ဘာကြောင့် အာရုံတိမ်းညွှတ်နေမိမှန်း သူကိုယ်တိုင်ပင် နားမလည်ပါချေ။ နောက်နှစ်ပေါင်းများစွာ ကျော်လွန်သွားပြီးမှ အတိတ်နေ့ရက်ထဲ ပြန်လှည့်ကြည့်ပါလျှင် ကံကြမ္မာစက်ဝန်းကိုယ်တိုင်က သူ့အား ထိုအရပ်မျက်နှာဘက် မျက်နှာမူရန် ညှို့ယူဖမ်းစယးခဲ့ကြောင်း ၊ ထိုသူ့အပေါ် အကြည့်များကျရောက်အောင် အတင်းစေခိုင်းခဲ့ကြောင်း ယန်ကျန်း ယုံကြည်သွားမည်ဖြစ်၏။

ကွင်းပြင်တစ်ခုလုံးထဲ ဆူညံသံများနှင့်အတူ စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးနေသောအသံများဖြင့် စည်ကားမြိုင်ဆိုင်နေ၏။ ရွှမ်ဂိုဏ်း၏ ဂုဏ်ထူးဆောင်တပည့်များကမူ အခြားဂိုဏ်းများထက် အရည်အချင်းသာလွန်နေပြီးသားပါပေ။ စစ်မှန်သော အရည်အချင်းပိုင်ဆိုင်ထားသော ဂိုဏ်းသားများစွာ ရွှမ်ဂိုဏ်းထဲတွင် တကယ်ရှိနေကြပါပေ၏။

ယန်ကျန်းကိုယ်တိုင်လည်း တောက်ဓမ္မကျင့်ကြံသူဖြစ်သည်။  သို့သော် ထိုအချက်ကို လူအများ မသိကြပါ။ အကြောင်းမှာ ထိုသူက အနောက်တောင်ကြား၏ မီ့ဂိုဏ်းမှ တပည့်ဖြစ်သောကြောင့်ပင် ဖြစ်၏။ မီ့ဂိုဏ်းနှင့် ရွှမ်ဂိုဏ်းမှာ ကျင့်ကြံရေးနည်းလမ်းချင်း ကွာခြားသော်ငြား ကျိုလုတောင်၏ အစွမ်းအစကိုမူ မယှဥ်နိုင်ကြောင်း ယန်ကျန်း မငြင်းဆိုနိုင်ပါ။ မီ့ဂိုဏ်းထံတွင် ဤမျှထိ အလားအလာကောင်းသော တပည့်တပန်းများစွာ မရှိကြပါချေ။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Dove le storie prendono vita. Scoprilo ora