အပိုင်း - ၂၆ ( အနက်ရောင်ဆံနွယ်မျှင် )

1.6K 266 7
                                    

အပိုင်း - ၂၆ ( အနက်ရောင်ဆံနွယ်မျှင် )

ရှီးဝူသွမ်းနှင့် ပိုင်လီမှာ အခန်းထဲတွင် အချိန်အတန်ကြာ ထိုင်နေခဲ့ကြကာ အတိတ်နေ့ရက်များအ‌ေကြာင်း စကားစမြည် ပြန်ပြောဖြစ်ခဲ့သည်။ ဤနှစ်ပေါင်းများစွာအတွင်း ရှီးဝူသွမ်း ဘာလုပ်ခဲ့သနည်းဟု ပိုင်လီဘက်မှ တစ်ချက်တစ်ချက် ထမေးလာသော်ငြား ၊ ရှီးဝူသွမ်းက တစ်ခွန်းစနှစ်ခွန်းစသာဖြေပြီး အသာ‌‌ေရှာင်‌ေပြးကာ အသေးစိတ် မပြောပြချင်ခဲ့ပါ ။ ရှီးဝူသွမ်း တကယ်ပင်ပန်းမှန်း သိသာနေသဖြင့် ပိုင်လီလည်း အခန်းသို့ ပြန်သွားကာ ရှီးဝူသွမ်းလည်း သူ့အား အခန်းတံခါးထိ လိုက်ပို့လိုက်၏။ ထို့နောက် ဘေးခန်းသို့ ပြန်လာကာ နေရာဟောင်းတွင် လာထိုင်လိုက်သည်။

ပိုင်လီ ထိုင်ခဲ့သောနေရာ၌ အနက်ရောင်ဆံနွယ်မျှင်တစ်ချောင်း ကျန်ရှိနေ၏။

ရှီးဝူသွမ်းက ထိုဆံနွယ်မျှင်ကို ကောက်ယူလိုက်ကာ လက်ထဲ၌ ရစ်ခွေဆော့ကစားနေသည်။ မျက်ဝန်းများကလည်း သူ၏နက္ခတ်ကြယ်စင်ဇယားခွင်နှင့် ကြိုးငါးဆယ်တပ်ဗျပ်စောင်းအား စိုက်ကြည့်နေမိ၏။ ပိုင်လီ၏ ကံကြမ္မာကို သူ ကြည့်သင့်သလော မကြည့်သင့်ဘူးလော။

ရှီးဝူသွမ်းမှာ သူ့ကိုယ်သူ သတိကြီးကြီးထားလွန်းသဖြင့် ရူးနေပြီဟု ထင်လာသည်။ သို့သော် သူ့ဆီ ပြန်‌ေရာက်လာသော ပိုင်လီက သူ မှတ်မိနေသော ပိုင်လီနှင့် လုံးဝ ကွာခြားနေခဲ့သည်မှာ အမှန်။

မိစ္ဆာသွေး ၊ အဖေအားသတ်ခြင်း ....။

မိစ္ဆာများက မည်သို့သောဖြစ်တည်မှုများ ဖြစ်ကြမှန်း၊ မည်သည့်နေရာမှ စတင်ပေါက်ဖွားလာမှန်း မည်သူကမှ တိတိကျကျ မသိပါ။ ထိုသူတို့မှာ နတ်မိစ္ဆာငယ်များနှင့် မတူပါချေ။ နတ်မိစ္ဆာငယ်များမှာ ကိုယ်ပိုင်ကျင့်ကြံမှုလမ်းစဥ် ရှိကြကာ အများစုမှာ လူ့အသွင်လူ့ဟန်ပန်ရရန် ကျင့်ကြံကြခြင်းဖြစ်ပြီး သာမန်လူသားများနှင့်အတူ လူ့ဘုံလောကတွင် မှီတင်းနေထိုင်ကြသည်။ ရွှမ်ဂိုဏ်း‌ေအာက်သို့ အသက်ငယ်ငယ်လေးကတည်းက ဝင်ရောက်ခဲ့သော ရှီးဝူသွမ်းအဖို့ နတ်မိစ္ဆာငယ်လေးများအား လူသားများထက်ပင် တွေ့ရဆုံရပိုများခဲ့၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Tahanan ng mga kuwento. Tumuklas ngayon