အပိုင်း - ၆၄ ( ဒုတိယမီးအိမ် - ၂ )

1K 221 6
                                    


အပိုင်း - ၆၄ ( ဒုတိယမီးအိမ် - ၂ )

ရှီးဝူသွမ်းက ထိုအဘိုးအိုနောက်မှ အနည်းငယ်ခွာကာ လိုက်လာသည်။

ရှီးဝူသွမ်းမှာ တာ့ချန်ဂိုဏ်းနှင့် ထဲထဲဝင်ဝင် မဆက်ဆံဖူးပါ။ အရင်က ဆက်သွယ်မှုများကိုလည်း ရှသွမ်းဖန်းနှင့် လက်အောက်ငယ်သားများကသာ လုပ်ပေးခဲ့ကြသဖြင့် ထိုအဘိုးအိုမှာ တာ့ချန်ဂိုဏ်း၏ အကြီးသုံးယောက်ထဲမှ မဟုတ်လျှင် ဂိုဏ်းချုပ်ဖြစ်သည့် ဆရာကြီးကျီယဲ့ကိုယ်တိုင် ဖြစ်ရမည်ဟုသာ ခန့်မှန်းရပေသညါ။

သို့နှင့် ရှီးဝူသွမ်း၏ခေါင်းထဲ အတွေးမျိုးစုံ ဝင်ရောက်လာကာ လက်ထဲရှိ ယုန်ကြီး၏ သက်မဲ့ခန္ဓာသည်ပင် လေးလံသထက် လေးလံလာသည့်နှယ်။

ထိုအဘိုးအိုကလည်း သူ့အား မနှောင့်ယှက်ပါ။ လမ်းတစ်လျှောက်လုံးတွင် သူ့အား ဥပေက္ခာပြုခဲ့ကာ ကြာကြာနေတစ်ခါ အကုန်လုံးကို ဦးညွှတ်နေသည်မှာ တောင်တန်း၊ ရေပြင်နှင့် နတ်ဘုရားများအား ဂါရဝပြုနေသည့်အလား။ တောင်တစ်ခုဖြတ်လာလျှင် ထိုသူက တောင်အား ဂါရဝပြုသည်။ ချောင်းရေတွေ့လျှင်လည်း ထိုချောင်းရေကို ဂါရဝပြုသည်။ ထင်ထင်ရှားရှား ပေါ်ထွက်နေသော ကျောက်ဆောင်တစ်ခုခုတွေ့လျှင်လည်း ထိုကျောက်ဆောင်အား ဂါရဝပြုသည်။ ထို့အပြင် ဒူးထောက်ကာ ခြေရင်းအောက် ကျောက်တုံးဖြင့် တြိဂံပုံစံဖော်ပြီး မန္တာန်ရွတ်၏။

လမ်းတစ်လျှောက်လုံး သုံးကြိမ်ဒူးထောက်ကာ ကိုးကြိမ်ဦးခိုက်ခြင်းလုပ်ပြီး ဧကရာဇ်မှအပ တောင်တန်းသစ်ပင်များအား အရိုအသေပြု၏။ သူတို့၏ခြေလှမ်းမှာ အင်မတန်မှ နှေးကွေးလှကာ ရှီးဝူသွမ်းဘက်က မပြောမဆို သူ့အား ထားသွားခဲ့မည်ကိုလည်း ထိုအဘိုးအိုက မမှုသည့်ဟန်ပါပေ။ ရှီးဝူသွမ်းကလည်း သူ့ကိုယ်သူ ဘာလုပ်နေမှန်း မသိပါ။ ထိုအဘိုးအို ရပ်သွားတိုင်း စိတ်ထဲမှ ကြိတ်ဆဲနေရုံသာလုပ်ကာ တစ်ယောက်တည်း ရှေ့ဆက်သွားခြင်းမပြုဘဲ ဘေးနားမှသာ ရပ်စောင့်နေခဲ့၏။

ထိုသို့စောင့်နေစဉ် ရံဖန်ရံခါ ထိုအဘိုးအို၏ မတ်နေသော ကျောပြင်ကို ကြည့်သည်။ ရံဖန်ရံခါ သူ့ခြေ‌ဖျားကိုသာ ငုံ့ကြည့်ပြီး အတွေးထဲ နစ်မျောနေ၏။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Dove le storie prendono vita. Scoprilo ora