အပိုင်း - ၃၀ ( ဆက်နွယ်ပတ်သက်နေသော ဖြစ်ရပ်များ )

1.5K 248 5
                                    

အပိုင်း - ၃၀ ( ဆက်နွယ်ပတ်သက်နေသော ဖြစ်ရပ်များ )

လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ရှီးဝူသွမ်းမှာ ကျိုလုတောင်ပေါ်၌ နေထိုင်သော ခပ်ဆိုးဆိုးကလေးတစ်ယောက်သာ ဖြစ်ကာ၊  ကျင့်ကြံခြင်းဆိုသည်မှာ နက္ခတ်များထံမှ အဓိပ္ပာယ်မည်သို့‌ေဖာ်ရန်နှင့် ဓားပျံစီးရန်ဟုသာ သူ ယူဆထားသည်။ သူ့အတွက်ကမူ ထိုက်စ္စများမှာ လွန်စွာမှ အညတရဆန်လှသော သာမန်အရာများဖြစ်ကာ ရွှမ်ဂိုဏ်းအပါအဝင် အခြားဂိုဏ်းနှစ်ဂိုဏ်းအတွက်ကလည်း ပုံမှန်ကိစ္စသာ ဖြစ်၏။

သူ၏ရှစ်ဖူ ရှိ‌ေနစဉ်တုန်းက ရှီးဝူသွမ်းမှာ တာ့ချန်ဂိုဏ်းသို့ သူ၏ရှစ်ဖူ ထွက်သွားတိုင်း သူကပါ စူးစမ်းလိုစွာ လိုက်သွားတတ်သည်။ အသုံးဝင်မည့်အရာတစ်ခုခု တွေ့ခဲ့ရ‌ေသးလားဆိုသည်ကိုမူ အချိန်အားဖြင့် ကြာမြင့်လွန်းခဲ့ပြီမို့ သူ သေချာမမှတ်မိပါ။ အရသာပေါ့လွန်းသည့် အစားအစာများကိုသာ စားခဲ့ရသည်ဆိုသော ရေးတေးတေးအမှတ်တရသာ ကြွင်းကျန်ခဲ့ကာ ရေသန့်နှင့် မုန်လာဥကိုသာ စားခဲ့သည်မို့ ယုန်နားရွက်ပါ ပေါက်လာတော့မလိုဟုသာ မှတ်မိသည်။

ကလေးဘဝတုန်းကဆိုလျှင် ရှစ်ဖူအပါအဝင် လူကြီးတိုင်းက လှပသောပုံပြင်များအား ပြောပြ‌တတ်လေ့ရှိ၏။ တောက်ဓမ္မကျင့်ကြံသူများမှာ သူတို့၏စိတ်နှလုံးကိုရော ခန္ဓာကိုယ်ကိုပါ လေ့ကျင့်ပျိုးထောင်ရမည်ဖြစ်ကာ ဂီုဏ်းစည်းကမ်းကို လိုက်နာရမည်၊ ကောင်းသောအမှုကိစ္စများကိုသာ လုပ်ရမည်ဟု သွန်သင်တတ်ကြ၏။ ကျင့်ကြံသူများမှာ ခက်ခဲသောလမ်းကို လျှောက်လှမ်းရသဖြင့် လူအများစုနှင့်စာ အရေအတွက် ရှားပါးလှ၏။ လျှောက်လှမ်းလိုက်ပြီးသည်နှင့် သူတို့၏ အထီးကျန်သောခရီးအား တစ်ကိုယ်တော်တည်း ဆက်လက်လျှောက်လှမ်းရမည်ဖြစ်ကာ လူသားများ၏ကံကြမ္မာအား သနားကရုဏာသက်ကြရပေမည်။ အခက်အခဲနှင့် စမ်းသပ်မှုများ မည်မျှပင် ကြုံ‌ေတွ့ရပါစေ ၊ မိမိတို့၏ စစ်မှန်မှုကိုသာ အမြဲထိန်းသိမ်းရမည်ဟု ဆို၏။

ထိုသို့သော ဖြောင့်မတ်ဖြူစင်လှသည့် ကျင့်ဝတ်များဖြင့် သတ်မှတ်လိုက်သောအခါ ကျင့်ကြံသူဆိုသည်မှာ အင်မတန်မှ အံ့ချီးဖွယ်ရာကောင်းကာ သာမန်လူများအပေါ် ကရုဏာထားတတ်ကြသည့်လူများ ဖြစ်သွညးကာ  သာမန်လူများက ထိုသူတို့အား အားကိုးယုံကြည်လာကြပြီး ပညာရှိသူတော်စင်များအဖြစ် ချီးကျူးကြသည်မှာ မဆန်း။

ကြိုးငါးဆယ်တပ် ဗျပ်စောင်း Onde histórias criam vida. Descubra agora