အပိုင်း - ၅ ( ကျန်းဟွာ )
ထိုနေ့တုန်းက ကျိုရှင်းချန်တိရှိနည်းဖြင့် ကြမ္မာတွက်ခဲ့သော ရှီးဝူသွမ်းမှာ ကောင်းကင်ဘုံကိုးထပ်မှ မိုးကြိုးနတ်ဘုရား၏ အမျက်ဒေါသအား ဆွခဲ့ပြီဖြစ်ကာ ချန်ယွင်တောင်ကြားမှာ မိုးကြိုးပစ်ခံလိုက်ရ၏။ တောင်ကြားအလယ်မှသည် ဝိညာဉ်များပုန်းခိုရာနေရာအထိ ဧရာမအပေါက်ဟကြီးတစ်ခု ဖြစ်သွားခဲ့သော်ငြား တရားခံဖြစ်သူကမူ ဖုန်လေးခါဖင်ေလးယမ်းကာ အထုပ်အပိုးတစ်ခုနှင့် ဆတ်ကော့ဆတ်ကော့ ထွက်ခွာသွားပြီဖြစ်၏။ ချန်ယွင်တောင်ကြားရှိ အင်အားနည်းဝိညာဉ်များမှာမူအသက်ထွက်တော့မတတ် ကြောက်လန့်တုန်လှုပ်နေခဲ့ကာ တစ်ရက်တစ်ရက် စိုးရိမ်စိတ် မပြတ်စဲနိုင်သေးကြ။
သို့သော် မိုးကြိုးပစ်ချခံရ၍ အဟဖြစ်သွားသောနေရာမှသည် ညသန်းခေါင်ယံအချိန်ရောက်တိုင်း အနက်ရောင်ဖျော့ဖျော့ မြူခိုးငွေ့ စိမ့်ထွက်လာခြင်းကို မည်သူမှ သတိမထားမိလိုက်ပါ။
ယခုမှ တောင်အောက်ဆင်းလာဖူးသော ရှီးဝူသွမ်းအတွက် အရာရာတိုင်းမှာ အသစ်အဆန်းဖြစ်နေကာ စိတ်လှုပ်ရှားစရာကောင်းနေလှသည်။ ဈေးတစ်ခု၏အလယ်တွင် ထီးထီးကြီးရပ်လိုက်ပြီးသည်နှင့် ကျန်းဟွာစန်းရန်အား ချောင်ထိုးထားကာ ဤမျှများပြားသောလူစုအား မမြင်ဖူးကြောင်း တအံ့တဩဖြစ်ေန၏။ ေယာက်ျားမိန်းမ ဝဝပိန်ပန် ပျိုပျိုအိုအို စသဖြင့် အမျိုးစုံလင်လှကာ လမ်းပေါ်ခင်းထားသော ကျောက်စရစ်မှအစ စိတ်ဝင်စားစရာကောင်းနေ၏။
ငယ်စဉ်တုန်းက သူ၏ရှစ်ဖူထံမှလည်း ကျယ်ပြောလှသော ကမ္ဘာလောက၊ များပြားလှသော ပြည်သူလူထု အစရှိသည့် စကားများကို အမြဲကြားဖူးခဲ့ကာ ကြားဖူးသည်ဆိုရုံမျှသာဖြစ်ပြီး အဓိပ္ပာယ်နားမလည်ခဲ့ပါချေ။ ယခုတော့ ထိုစကားစုများအား ရှီးဝူသွမ်း သေသေချာချာ နားလည်သွားပေသည်။
ထို့နောက် ရှီးဝူသွမ်းက အထုပ်အပိုးကို ပခုံးပေါ်လွယ်ကာ ဆွေ့ဖျင်ရှန်းငှက်ကိုလည်း သူ့ပခုံးပေါ် ခိုနားခွင့်ပေးထားလိုက်သည်။ မည်သည့်အရပ်မျက်နှာကို ကြည့်လိုက်ပါစေ၊ လေ့လာရမဝေသးသည့်နှယ် သူ၏မျက်ဝန်းများက အရောင်တဖျတ်ဖျတ် လင်းလက်နေ၏။ အငွေ့တထောင်းထောင်းထနေဆဲဖြစ်သော ပေါင်မုန့်ကို ကိုက်ဝါးထားသဖြင့် ပါးနှစ်ဖက်ကလည်း ဖောင်းကားနေ၏။ ထိုပေါင်မုန့်မှာ လမ်းဘေးတစ်နေရာရှိ ဆိုင်ေလးတစ်ဆိုင်မှ ဝယ်လာခဲ့ခြင်းသာဖြစ်သော်ငြား အနွေးဓာတ်တစ်ခု၏ အမှတ်အသားသဖွယ်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဘိုးတော်ရှစ်ဖူ၏အိမ်၌ တ်ိုက်ကျွေးနေကျဖြစ်သည့် ဖြူဆွတ်ဆွတ် ဆန်ပြုတ်ထက်တော့ အနံ့အရသာ ပိုမိုကောင်းမွန်၏။
ESTÁS LEYENDO
ကြိုးငါးဆယ်တပ် ဗျပ်စောင်း
Fantasía"I was so good to you. I dug my heart out for you. So why don't you even look at me?" A dog-blood cultivation story about a human and a yao. Alright, fine . It's yao gong x human shou, hypocritical shou vs paranoid gong. Author : Priest Year : 2011...